ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့ နယ် အိုင်သပြု ကျောင်းစု
ဒေသတွင် တတိယအကြိမ် Child Center Approach(CCA)
ဆွေးနွေးပွဲ ကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အမက အိုင်သပြု (တောင်)ကျောင်းတွင်ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲအစဉ်ကို လေးမျက်နှာမြို့နယ် လက်ထောက်ပညာရေးမှူး ဦးမြင့်နောင် နှင့် အိုင်သပြု
တိုက်နယ်ခေါင်းဆောင် ဦးထွန်းထွန်းဝင်းတို့မှအမှာစကားပြော
ကြားပြီးဆွေးနွေးပွဲကိုစတင်ခဲ့ပါသည်။
ကျောင်းစု အတွင်း ကျောင်းပေါင်း ၁၉ ကျောင်းမှ
ဆရာ/မ အင်အား ၇၀ ခန့် နှင့်ကျောင်းသား ၄၅ ဦး တက်ရောက်ပြီး
လက်တွေ့ လုပ်ဆောင်စေခြင်းများ အကြံပြုချက် တွေ့ရှိချက်များကို
နှီးနှောဖလှယ်မှူများ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲ ပထမအစီအစဉ်ကို အမက(လွန်)ညောင်ဝိုင်း
ကျောင်းမှ စတုတ္ထတန်း သိပ္ပံ မှလျပ်စစ်စီးသောပစ္စည်းနှင့် လျှပ်စစ်မစီးသောပစ္စည်း သင်ခန်းစာ ကို ကလေးဗဟိုပြုစနစ်ဖြင့် ဆရာမ များ စတင်ဆွေးနွေး ခဲ့သည်။
ဒုတိယအချိန်တွင် အမက ခြောက်ဆယ် ကျောင်းမှ တတိယတန်း လူမှုရေးဘာသာမှ ဗိုလ်မြတ်ထွန်း သင်ခန်းစာကို ဆက်လက်
ဆွေးနွေးခဲ့ပါသည်။
တတိယအချိန်ပိုင်းတွင် အမက(လွန်)ထိန်တောကြီးကျောင်းမှ
ုဒုတိယတန်း အထွေထွေသိပ္ပံ ဘာသာမှ သံလိုက် အကြောင်းကို
ဆွေးနွေးတင်ပြ ခဲ့ပါသည်။
Saturday, December 7, 2013
ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့ နယ် အိုင်သပြု ကျောင်းစု ဒေသတွင် တတိယအကြိမ် Child Center Approach(CCA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment