Sunday, December 15, 2013
* မြတ်ဆရာပွဲကြီးနီးလို့လာ ညီညီညာညာ လုပ်ကြ ကိုင်ကြ
အိုင်သပြု ဒေသ အဋ္ဌမအကြိမ်မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး
အတွက် အိုင်သပြုရွာထဲသို့ ကြိုတင် အလှူခံကောက်ခံခဲ့ပါသည်။
ကျောင်းသားကျောင်းသူဟောင်းများ နှင့် တာဝန်ထမ်းဆောင်
လျက်ရှိသော ဆရာ/ဆရာမ များ ပူးပေါင်း၍ ဒီဇင်ဘာလ
၁၄ ရက်နေ့နံနက် တွင် စတင်ပြီး အိုင်သပြု ရွာအတွင်းသို့
အလှူခံ စတင်ခဲ့ပါသည်။
* မြတ်ဆရာပွဲကြီးနီးလို့လာ
ညီညီညာညာ လုပ်ကြ ကိုင်ကြ
* တစ်ယောက်တစ်လည်းဝိုင်းလို့ ကူ
ကန်တော့တာဟာ ဒို့စေတနာပဲ
* ဆရာ့ကျေးဇူး ဆပ်ခွင့်ကြုံ
တစ်နှစ်တစ်ခါ ဒီလပါပဲ
* မောင်တို့ မယ်တို့ သူငယ်ချင်းတို့ ရေ
ရောက်ရာဒေသ အရောက်သာလာခဲ့
* အိုမင်းနေတဲ့ ဒို့ဆရာတွေ
ဆုံးမစကားတွေ မကြားတာကြာခဲ့
* အိုင်သပြု ဒေသ မြတ်ဆရာ
ဒီနှစ်နဲ့ဆို အဋ္ဌမအကြိမ်ပဲ
* ဆရာတွေ ရဲ့မေတ္တာရေ
မင်းတို့ တတွေ ဘဝရှေ့ရေးသို့
* လိုက်နာပါမည် ဆရာတို့ရေ့
သားတို့ တစ်တွေ ဂတိပြုပါ၏------