Saturday, December 7, 2013

မညီမျှတဲ့ ဆရာ၊ ဆရာမ အချိုးနဲ့ ကျောင်း စာသင်ခန်းများ

မညီမျှတဲ့ ဆရာ၊ ဆရာမ အချိုးနဲ့ ကျောင်း စာသင်ခန်းများ

စာမေးပွဲခန်းထဲမှာ ကျောင်းသား ဦးရေက ၃၀ ၀န်းကျင်လောက်ပဲ ရှိတဲ့အတွက် တစ်ဦးချင်းစီကို ဆရာမဒေါ်ထားထား တစ်ယောက် အသေအချာ ဂရုစိုက် ကြည့်ရှုနိုင်ပါတယ်။ စာမေးပွဲ ဖြေနေတဲ့ နှစ်ကျ ကျောင်းသား တစ်ဦး လုံချည်ထဲက စာရွက်အချို့ကို နှိုက်ယူပြီး ကူးချ နေတာကို သူမ သတိထားမိပါတယ်။ ဒါပေမဲ့ အဲဒီ ကျောင်းသားကို ဆွဲယူ ဖမ်းဆီးဖို့တော့ မကြိုးစား ဖြစ်ခဲ့ပါဘူး။

“တကယ်လို့သာ ကျွန်မရဲ့ အခန်းစောင့်ဖော်က အမျိုးသား (ယောက်ျားလေး) ဆရာတစ်ယောက် ဖြစ်ခဲ့ရင် ဒီကျောင်းသား မသမာ နည်းနဲ့ ဖြေဆိုနေတာကို တားဆီးနိုင်ခဲ့မှာပါ” လို့ လုပ်သက် ဆယ်နှစ် ၀န်းကျင်ရှိပြီဖြစ်တဲ့ အ.ထ.က (၃) တာမွေက အထက်တန်းပြ ဆရာမ ဒေါ်ထားထားက (အမည်လွဲ) က ပြောပါတယ်။

နှစ်ပေါင်း နှစ်ဆယ်အတွင်း အခြေခံပညာ ကျောင်းတွေမှာ အမျိုးသား ကျောင်းဆရာ နည်းပါးလာမှု က ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ တော့ မရှိသလောက် ဖြစ်သွားခဲ့တယ်လို့ ဒဂုံမြို့နယ် အတွင်းရှိ အထက်တန်းကျောင်းက ကျောင်းအုပ် ဆရာကြီးက ပြောပါတယ်။ ၁၉၈၈ နှောင်းပိုင်းထိ အခြေခံပညာကျောင်းတွေမှာ ဘက်ညီခဲ့တဲ့ ဆရာ၊ ဆရာမ ဦးရေဟာ အခုအခါမှာတော့ နှစ်ရာခိုင်နှုန်းတောင် မပြည့် တော့ဘူးလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ကျောင်း တစ်ကျောင်းတည်းမှာတောင် ဆရာမ ၁၅၀ ရှိတယ်။ ဆရာက နှစ်ယောက်ပဲ ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသား ဆရာတွေ ဘယ်လောက် နည်းနေပြီလဲဆိုတာ တွက်လို့ ရပါတယ်”” လို့ ကျောင်းအုပ် ဆရာကြီးက တွက်ချက် ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာ ကျောင်းတွေမှာ အမျိုးသားဆရာ နည်းပါးလာ မှုဟာ ဆယ်စုနှစ် နှစ်ခု အတွင်း ၈၀ ရာခိုင်နှုန်း ခန့် လျော့ကျ လာခဲ့တယ်လို့ ဆရာအတတ်သင် နည်းပညာ တက္ကသိုလ်မှာ သုံးနှစ်ကျော်ကြာ နည်းပြ ဆရာအဖြစ် သင်ကြားခဲ့တဲ့ ဆရာ ဦးထွန်းထွန်း (ကျန်းမာရေး ပင်စင်) က ပြောပါတယ်။

နှစ်စဉ် လာရောက် တက်ရောက်သူ ၁၅၀ ကျော်ရှိတဲ့အနက် အများစုက အမျိုးသမီးတွေ ဖြစ်ကြပြီး လူဦးရေ ၂၀ လောက်ပဲ အမျိုးသား တွေ ပါဝင်ကြောင်း သူက စာရင်း ဇယားများနဲ့ ပြောပြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပညာရေး စစ်တမ်းအရ ၁၉၅၇ ခုနှစ် ၀န်းကျင်မှာ မြန်မာ့ ပညာရေးဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အဆင့်တစ်နေရာက ရပ်တည်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ် စစ်အစိုးရ တက်လာပြီး နောက်ပိုင်းမှာ မြန်မာ့ ပညာရေးဟာ နိမ့်ကျ လာခဲ့တာကို တွေ့ရ ပါတယ်။ ၂၀၀၅ ခုနှစ် ၀န်းကျင်မှာတော့ နိုင်ငံပေါင်း နှစ်ရာမှာ မြန်မာ့ ပညာရေး အဆင့်ဟာ ၁၉၇ ထိ လျော့ကျလာခဲ့ တယ်လို့ ကျူရှင် လောကမှာ နာမည် ကျော်ကြားနေတဲ့ ၀ါရင့် ကျောင်းဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် (မြန်မာစာ) က ကုလသမဂ္ဂ စစ်တမ်းကို ကိုးကားပြီး ပြောပါတယ်။

ခေတ်အဆက်ဆက်က အမျိုးသား ကျောင်းဆရာတွေဟာ ကျောင်းတွင်း လုပ်ငန်းတွေ အပြင် ကျောင်းပြင်ပ လုပ်ငန်းတွေကိုပါ လုပ်ကိုင် ခဲ့ရပေမယ့် ရရှိတဲ့ လစာနဲ့ အခွင့်အရေးတွေက အင်မတန် နည်းပါးခဲ့ပါတယ်။ အဆိုးဆုံးကတော့ အစိုးရရဲ့ အရေးကြီး ပုဂ်္ဂိုလ်လာတိုင်း လမ်းပေါ် ထွက်ပြီး ကြိုဆိုရတဲ့ အလုပ်ဟာ ကျောင်းဆရာတွေကို စိတ်ပျက်စေခဲ့ရတဲ့ အကြောင်း တစ်ခုဖြစ်ခဲ့တယ် လို့ ဂုဏ်ထူး ဦးသိန်းနိုင်က ဆိုပါ တယ်။

အခုလို အမျိုးသား ကျောင်းဆရာတွေ နည်းပါး လာမှုကြောင့် ကျောင်းလုပ်ငန်းတွေမှာ အမျိုးသားတွေသာ လုပ်သင့်တဲ့ လုပ်ငန်းတွေကို အမျိုးသမီး ဆရာမတွေက ခက်ခဲစွာ လုပ်ကိုင် နေကြရပါတယ်။ အထူးသဖြင့် ကျောင်းသားတွေကို ထိန်းချုပ်တဲ့ နေရာမှာ အခက်အခဲ ပိုမို ကြုံတွေ့နေရ တယ်လို့ ကျောင်းဆရာမ အချို့က ပြောပါတယ်။

“ကျောင်း အိမ်သာတွေမှာ ကျောင်းသား အချို့ ဆေးလိပ်သောက်နေတာကို သိပေမယ့် အမျိုးသား အိမ်သာထဲ သွားပြီး ဖမ်းဖို့က မသင့် တော်ဘူး။ ဒါတွေကို ထိန်းချုပ်ဖို့ အမျိုးသား ဆရာတွေ မရှိမဖြစ် လိုအပ်တယ်” လို့ လှည်းကူး မြို့နယ်ရှိ အထက်တန်း ကျောင်း တစ်ကျောင်းက အထက်တန်း ပြဆရာမ ဒေါ်နွယ်နွယ်ဝင်းက ပြောပါတယ်။

ယခင်နှစ်များက ကျောင်းဆရာ တစ်ဦးရဲ့ တစ်လ ၀င်ငွေဟာ ကျပ်ငါးသောင်း ၀န်းကျင်နှင့် နှစ်တိုးနှုန်းအဖြစ် တစ်နှစ်ပြည့်သူတိုင်းကို ကျပ် ၅၀၀ သာ ပေးအပ်ခဲ့ ရာမှ ယခုနှစ် မေလမှ စတင်ကာ လစဉ် ထောက်ပံ့ကြေး ကျပ်သုံးသောင်းကို ထပ်မံ ခံစားခွင့်ပြုခဲ့ပါတယ်။ သို့သော်လည်း အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ နည်းပါးနေ၍ အခြေခံပညာ အထက်တန်း ကျောင်းတွေမှာ အမျိုးသား ကျောင်းဆရာတွေ နည်းပါး နေဦးမှာပဲလို့ ပညာရေး လေ့လာ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

“ဆရာဆိုတဲ့ အလုပ်ရဲ့လစာက မိသားစု တစ်စုကို ဖူလုံအောင် မထားနိုင်ပါဘူး။ တစ်ခါတလေ ကျောင်း သင်ထောက်ကူပစ္စည်းတွေ လိုအပ် လာရင် အိတ်ထဲကတောင် စိုက်ထုတ် ရသေးတယ်။ ဒါကြောင့် အိမ်ထောင်စု တစ်ခုကို ဦးစီး ရမယ့် အမျိုးသားတွေဟာ ကျောင်းဆရာ အလုပ်ထက် အခြား လုပ်ငန်းကိုပဲ ရွေးချယ် သွားကြတယ်။ ကျောင်းဆရာ အလုပ်ကို ဘယ်သူမှ မလုပ် ချင်တော့ဘူး” လို့ ငပုတော မြို့နယ်ရှိ အလယ်တန်း ကျောင်း တစ်ကျောင်းမှ ကျောင်းဆရာ ဦးဆုမြတ်ကိုက ပြောပါတယ်။

အမျိုးသား ဆရာတွေနဲ့ အမျိုးသမီး ဆရာမတွေရဲ့ သင်ကြားမှု စွမ်းရည်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမျိုးသား ဆရာတွေက အမျိုးသမီးတွေထက် ကျောင်းသား စိတ်ဝင်စားမှုကို ပိုမို ရရှိအောင် သင်ကြားနိုင် တယ်လို့ ပြောကြားမှု တွေလည်း ရှိပါတယ်။ ဒါ့အပြင် အမျိုးသား ကျောင်းဆရာတွေဟာ ကျောင်းစာအပြင် ကျောင်းပြင်ပ ပညာများဖြစ်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ပညာတွေကိုပါ အမျိုးသမီး ကျောင်းဆရာမတွေထက် ပိုမို သင်ကြားနိုင် တာကြောင့် ကျောင်းသားတွေအတွက် ကျောင်းဆရာဟာ မရှိမဖြစ် လိုအပ်နေတယ်လို့ အမှတ် (၃) အခြေခံ ပညာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးညွန့်ရွှေက ဆိုပါတယ်။

“ကျောင်းဆရာတွေကို ကျောင်းတွေမှာ ပြန်တွေ့ လာဖို့က သူတို့တွေရဲ့ အခွင့်အရေးတွေ မိသားစု ဘ၀ ရပ်တည်နိုင်တဲ့ လစာငွေတွေကို တိုးမြှင့် ပေးမှသာ အဆင်ပြေမယ်။ ဒါမှ မဟုတ်ရင်တော့ နောက်ပိုင်းမှာ ကျောင်းဆရာ ဆိုတာ လုံးဝ ပျောက်ကွယ် သွားလိမ့်မယ်” လို့ အ.ထ.က (၁) ဒဂုံရဲ့ကျောင်းအုပ်ကြီးက ခန့် မှန်း ပြောဆို ပါတယ်။

ပညာရေး ၀န်ကြီး ဌာနရဲ့ အစီအစဉ်အရ လာမယ့် နှစ်တွေမှာ အမျိုးသား ကျောင်းဆရာတွေကို တိုးမြှင့် ခန့်ထား နိုင်ဖို့အပြင် ကျောင်း တစ်ကျောင်းဆီမှာ အမျိုးသား အထွေထွေ လုပ်သား တစ်ဦးစီကို နေ့စား၊ လပေး စနစ်နဲ့ ခန့်ထားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပညာရေး ၀န်ကြီးဌာနအနေနဲ့လည်း ကျောင်းဆရာ နည်းပါးမှု ပြဿနာကို ဖြေရှင်းဖို့ စီမံချက်တွေချ မှတ်ပြီး ဆောင်ရွက် နေပေမယ့် လူငယ် အများစုကတော့ ကျောင်းဆရာ ဆိုတဲ့ အလုပ်ဟာ အမျိုးသမီးတွေသာ လုပ်တဲ့ လုပ်ငန်း တစ်ခုလို့ ထင်မှတ် နေကြပါပြီ။ ပညာရေး ၀န်ကြီးဌာနရဲ့ စီမံချက်အရ ၂၀၁၆-၂၀၂၀ အတွင်း အမျိုးသား ဆရာတွေ ပြန်လည် ခန့်ထား နိုင်ဖို့ ရည်မှန်းထား ပေမယ့် လစာငွေနဲ့ အခွင့်အရေးတွေ မတိုးမြှင့်ဘူး ဆိုရင် ရည်မှန်းချက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ပညာရေး အသိုင်းအ၀ိုင်းက ဝေဖန်မှုများ လည်း ရှိနေပါတယ်။ 

အခြေခံပညာ ကျောင်းတွေမှာ ကျောင်းဆရာ တွေ ပြန်လည် များပြားလာဖို့ ဆောင်ရွက်ရန် လိုအပ်နေတဲ့ အဓိက အချက်တွေကတော့ ကျောင်းဆရာတွေရဲ့ မိသားစု ဘ၀ ရပ်တည် နိုင်ဖို့၊ ကူညီ ထောက်ပံ့ မှုများ ပေးဖို့ အမျိုးသမီး ကျောင်းဆရာမ တွေထက် ပိုမို သာလွန်တဲ့ အခွင့်အရေးတွေ ဆောင်ရွက်ပေးဖို့နဲ့ ကျောင်းပြင်ပ လုပ်ငန်းတွေကို လျှော့ချ ပေးနိုင်မှသာ ဖြစ်နိုင်မယ်လို့ ပညာရေး ကျွမ်းကျင် သူတို့က ဆိုပါတယ်။

“တစ်ကျောင်းလုံးမှာ အမျိုးသား ဆရာဆိုလို့ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတယ်။ စာသင်ရ တယ်။ ကင်းစောင့် ရတယ်။ ခုံတွေ ကျိုးရင်ပြင် ရတယ်။ ဒီပုံစံ အတိုင်း ဆက်သွားရမယ် ဆိုရင်တော့ လာမယ့်နှစ် အလုပ် ထွက်ပြီး အပြင် ကျူရှင်မှာပဲ သင်တော့မယ်””လို ပဲခူးမြို့နယ် အတွင်းက အလယ်တန်း ကျောင်း တစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး

No comments:

Post a Comment