Saturday, November 2, 2013

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ တွင် အခြေခံပညာအထက်တန်းကျောင်း အိုင်သပြု အထကတွင် ဆရာ ဦးရေနှင့်ကျောင်းသားအချိုး မညီမျပြီး သင်ကြားရေးလုပ်ငန်း ကျောင်းဖွံ ဖြိုးရေးလုပ်ငန်းများ နောက်ကျမှုများဖြစ်ပေါ်နေပါသည်။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်   အိုင်သပြုကျေးရွာ
တွင်   အခြေခံပညာအထက်တန်းကျောင်း အိုင်သပြု အထကတွင်
ဆရာ ဦးရေနှင့်ကျောင်းသားအချိုး မညီမျပြီး သင်ကြားရေးလုပ်ငန်း ကျောင်းဖွံ
ဖြိုးရေးလုပ်ငန်းများ နောက်ကျမှုများဖြစ်ပေါ်နေပါသည်။ အထက်တန်း ပိုင်းတွင်
ခွဲတန်း အချိုးအရ ဆရာ ၁၅ ဦး  သင်ကြားရာတွင် သင်ကြားရေး ဆရာ ၃ ဦး
ပြောင်းရွှေ့သွားရာတစ်နှစ်ခန့် ရှိနေပြီး အစားပြန်လည်ပေးမှု မရှိသေးပါ။
ကာယဆရာ တစ်ဦးမှာ လည်း ပြောင်းရွှေ့သွား သော်လည်း ယခုအချိန်ထိ
ခန့်အပ်ထားခြင်း မရှိသေးပါ။
          အလယ်တန်း ပိုင်းတွင်လည်း  ဆရာတစ်ဦး ဆရာမတစ်ဦး ပြောင်းရွှေ့
သွားရာ  ဆရာတစ်ဦး ဆိုလျှင် ၃ နှစ်ခန့်ရှိပြီး ယခုအချိန်ထိ ပညာရေးဝန်ကြီး
ီဌာနမှ အသစ်ပြန်လည်ခန့်အပ်ခြင်းမရှိပါ။
        အိုင်သပြု အထကတွင် ကျောင်းသား ၁၃၀၀ ခန့် ပညာသင်ကြားနေပြီး
ဆရာ ဦးရေ ၄၀ ခန့် ရှိပါသည်။  သို့သော် ပြောင်းရွှေ့ သွားသော ဝန်ထမ်းများ
နေရာတွင် လစ်ဟာခြင်းများရှိနေပြီး  အောက်ခြေသင်ကြားရေးဝန်ထမ်းမဟုတ်သော  သူများမှာ လည်း အလယ်တန်း
အထက်တန်း တန်းခွဲ များတွင် ဘာသာရပ်တစ်ခုကို ဝန်ရောက်သင်ပေးနေရပါသည်။
              သို့ပါသောကြောင့်  လစ်လပ်နေသော ဝန်ထမ်းများ နေရာတွင် အမြန်
ဆုံး ပြန်လည်ခန့်အပ် ပေးပါရန် သက်ဆိုင်ရာ ပညာရေးဌာနနှင့် အခြားသက်ဆိုင်
ရာ ဌာနများသို့ တင်ပြပါသည်။