နိုဝင်ဘာလ ၁၂ရက်နေ့ တွင် ခမောက်စုတိုက်နယ်
တွင် ကျောင်းပေါင်း၂၁ ကျောင်း ဘောလုံးပွဲ လူရွေးပွဲ ကျင်းပ ပါသည်။
Tuesday, November 11, 2014
ခမောက်စုပညာရေးဒေသ ဘောလုံးပြိုင်ပွဲ ဘိုးသာညိုရိုးတွင် ကျင်းပ
လေးမျက်နှာမြို့နယ် ကျောင်းသားအားကစားပွဲတော် ကျင်းပမည်
၂၀၁၄ ၂၀၁၅ ပညာသင်နှစ် လေးမျက်နှာမြို့နယ် ကျောင်းသားအားကစားပွဲတော်ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လေးမျက်နှာ အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။
လေးမျက်နှာမြို့နယ်လုံးဆိုင်ရာ ကျောင်းသားအားကစားပွဲတော်ကို ပညာရေးဒေသ
၇ ခုမှ ကျောင်းသား /သူများဝင်ရောက်ကစားမည်ဖြစ်သည်။ အားကစားနည်း
များဖြစ်သော ဘောလုံးပွဲ - ပြေးခုန်ပစ် - ချိုချဉ်ကိုက်
အာလူးကောက်- ကြိုးခုန်ပြေးx အမြင့်ခုန် xအလျားခုန်
သုံးချောင်းထောက်ပြေးx အိတ်စွတ်ပြေးxဖားခုန်
စသည့်အားကစားပွဲများကို ကျင်းပမည်မည်ဖြစ်ပါသည်။
မူလတန်းဆင့်ဘောလုံးပြိုင်ပွဲ ကို အိုင်သပြု တိုက်နယ်
ခမောက်စုတိုက်နယ် ရှမ်းရွာတိုက်နယ် လှော်ကထား
တိုက်နယ် ပန်းတောကြီးတိုက်နယ် လေးမျက်နှာတိုက်
နယ် ထိန်ငူတိုက်နယ် စသည့်တို့မှ ဘောလုံး အသီးသီး ယှဉ်ပြိုင်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ အုပ်စုရွေးပွဲ အဖြစ် နိုဝင်ဘာ ၁၇ ၁၈ ၁၉ ရက်နေ့
တွင် လေးမျက်နှာ အားကစားကွင်းတွင် အုပ်စုပွဲများကို
ရွေးချယ်ပြီး ၂၀ ရက်နေ့ နေ့လည် ၂ နာရီတွင် ကွင်းဖွင့်ပွဲ
ပြုလုပ်မည်ဖြစ်ပါသည်။
ကျောင်းသားအားကစားပွဲတော်ဖြစ်မြောက်ရေး
အတွက် ဆောင်ရွက်ပေးသော မြို့နယ်အုပ်ချုပ်ရေးမှူး
မြို့နယ်ပညာရေးမှူး နှင့် အဖက်ဖက်မှ ကူညီပေးသော
စေတနာရှင်များအားလုံး အား ကျေးဇူးတင် ဝမ်းမြောက်မိပါ ကြောင်း
ဝဏ္ဏချစ်ဝင်း
လေးမျက်နှာပညာရေး
Thursday, October 2, 2014
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပထမနှစ်ဝက်ဆုံးစာမေးပွဲကျင်းပ
ပထမနှစ်ဝက်ဆုံးစာမေးပွဲအား လေးမျက်နှာမြို့
နယ် တွင်း တပြေးညီ စစ်ဆေးမှုပြုလုပ်ခဲ့သည်။
အောက်တိုဘာလ ၂ ၃ ၄ရက်နေ့များတွင်
စစ်ဆေးမည်ဖြစ်ပါသည်။
အိုင်သပြု တိုက်နယ်တွင် စာစစ်ဌာန ၄ ခု
ထားရှိပြီး ခမောက်စုတိုက်နယ်တွင် စာစစ်ဌာန
၃ ခု ထားရှိပြီးဖြစ်ပါသည်။

Saturday, September 13, 2014
အိုင်သပြု ဒေသ တိုးချဲ့လျပ်စစ်ဓာတ်အားလိုင်းသစ်ဖွင့်ပွဲ 12-9-2014
စည်ပင်ဝန်ဝန်ကြီးဦးကျော်ဝင်းနိုင်နှင့်နယိစပ်ရေးရာလုံခြုံရေး ဗိုလ်မှူးကြီး မောင်မောင်ဝင်း လာရောက်ပြီး အိုင်သပြု
ဈေးရပ်ကွက်တွင် မီးဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
ဝန်ကြီးအဖွဲ့နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးစန်းဌေး မြို့နယ်ဌာနဆိုင်ရာ ဦးစီးအရာရှိ
များ စေတနာရှင် များ ကိုအောင်သူ
မိသားစု ကျုံပျော်မြို့နယ်မှ အလှူရှင်များ
လာရောက် ကြပါသညိ။်
Monday, April 7, 2014
သန်းခေါင်စာရင်းအတွေ့အကြုံ
လေးမျက်နှာမြို့နယ် လုံးဆိုင်ရာ သန်းခေါင်စာရင်းကောက်ရက် ကျွန်တော်တို့ တာဝန်ကျသောဒေသမှာ လေးမျက်နှာမြို့နယ် သခွတ်ချောင်းအုပ်စုဖြစ်ပါတယ်။ ကျွန်တော်တာဝန်ယူရသည့် ကောက်ကွက်မှာ သခွတ်ချောင်းကျေးရွာ အိမ်ခြေ ၆၀ ကျော် အုတ်အိုင်ကျေးရွာ ၃အိမ် ဝဲဒေါင့်ကျေးရွာ အိမ်ခြေ ၈၀ကျော် ဖြစ်ပါတယ်။ စုစုပေါင်းစာရင်းကောက် ရက် ၁၂ရက်ပေးထားပါသည်။ ကျွန်တော်နှင့်အတူ တာဝန်ကျသော ဆရာမ ၄ဦးဖြစ်ပါသည်။ တောရွာသဘာဝ ယဉ်ကျေးပျုဌာကျသည်။ပွင့်လင်းကျသည်။ ပင်ပန်းမှန်းမသိ အချိန်များကုန်ဆုံးခဲ့သည်။ စာရင်းကောက်နေစဉ် ပျော်ဖို့ကောင်းသည်။၂ နာရီထိုးလို့စာရင်းအပ်ချိန် ရောက်လျင် စိတ်ညစ်ရသည်။ မနေ့ကညွန်ကြားသည်မှာတစ်မျိုး နောက်တစ်နေ့ကျတော့တစိမျိုး အမျိုးမျိုးဖြစ်နေသည်။ မယက အုပ်ချုပ်ရေးက စာရင်းတစ်မျိုး လဝက စာရင်းတစ်မျိုး မြေပြင်ဆင်းကောက်သောလက်တွေ့ ဖြစ်ရပ်ကတစ်မျိုး ကျွန်တော်တို့ ကောက်သောစာရင်းကအမှန်ဖြစ်သော်လည်း လဝက ၏စာရင်းကို ပြင်ဆင်ခြင်းမပြုရ။ နေ့ထွက်ခ ကို တန်အောင်ပေးထားသည်။ တန်အောင်လုပ်ရသည်။ သင်တန်းတက်ချိန်တွင် ငွေလာပေးသော kbz ဘဏ် ငွေပေးတော့ အားရဝမ်းသာ သုံးကျသည်။ ချွင်းချက် ကျွန်တော်နှင့်အတူ ဆရာနှစ်ဦးမရသေးပါ။ အကြောင်းအရင်းက လူစားထိုးသည်ဖြစ်ပြီး unfpa က လူစားထိုးများ ကို ပိုက်ဆံ မပေးခိုင်းပါ။ လဝက ၏နာမည်စာရင်းတွင် ပါသော်လည်း kbz ဘဏ် စာရင်းတွင် မပါသောကြောင့် ငွေထုတ်ခွင့်မရသေးပါ။ စာရင်းကောက်ရက် ရက် ၆ရက်မြောက်နေ့တွင် kbz ဘဏ် တာဝန်ရှိသူတစ်ဦးကို ဖုန်းဆက်မေးမြန်းရာ ယနေ့အချိန်ထိ အကြောင်းမပြန်သေးကြောင်း သိရှိရသည်။ သင်တန်းမတက်ခင် ရက်နှင့်စာရင်းကောက်ရက် ၂၀ရက်ခန့်ရှိနေပြီး ယနေ့အချိန်ထိ unfpa မှ အကြောင်းမပြန်သေးသည်မှာ စိတ်ပျက်ဖို့ကောင်းနေပါသည်။ တိုးတက်နေသောမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းနေပြီး ဘာကြောင့် ကြံကြာနေသည်ကို တွေးမရပေ။
Sunday, April 6, 2014
အိုင်သပြု အတိုအတိုအထွာ
Friday, April 4, 2014
၂၀၁၄ ပညာသင်နှစ်အတွက် အသေးသုံးထောက်ပံငွေ ပေးအပ်
၂၀၁၄ ပညာသင်နှစ်အတွက် အသေးသုံးငွေကြေး များစာသင်ကျောင်းများသို့ ပေးအပ်သည်။
ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ် ပညာရေးဌာနမှ
စာသင်ကျောင်း များသို့ ထောက်ပံငွေ ပေးအပ်ခဲ့ပါသည်။
လေးမျက်နှာမြို့ပေါ်စာသင်ကျောင်းများသို့
ငွေ ၈၀၀၀၀ ကျပ်ပေးခဲ့ပြီး ကျေးရွာစာသင်ကျောင်းများသို့
၇၀၀၀၀ ကျပ်ချထားပေးခဲ့သည်
Saturday, March 22, 2014
သန်းခေါင်စာရင်းနှင့်အိမ်အကြောင်းအရာ ရက်တိုသင်တန်း
လူဦးရေနှင့်အိမ်အကြောင်းအရာ ရက်တိုသင်တန်းကို ၁၇ ရက်နေ့တွင်စတင်ဖွင့်လှစ်ပြီး ၆ရက် သင်ကြားပေးပြီး ၂၂ ရက်နေ့တွင် သင်တန်းဆင်း
ခဲ့သည်။
သင်တန်းကို ၁၇ရက်နေ့ နံနက် ၉း၀၀တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။အခမ်းအနားငို
လေးမျက်နှာမြို့နယ် လူဝင်မှူကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာနရုံးမှ ဦးစီး ဦးနေဝင်း
မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ဒုလက်ထောက်ဦးစီးမှူး
ဦးလှမင်း မှ လိုအပ်သည်များကို ပြောကြားခဲ့ပါသည်။
လေးမျက်နှာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၄၃ အုပ်စုနှင့် သစ်တောကြိုးဝိုင်း တစ်ခု ရှိပြီး ကောက်ကွက် ၁၉၄ ခု ရှိကြောင်း
သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများ ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့များနှင့်လည်း
ပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
အခမ်းအနားကို ဝန်ထမ်းအင်အား ၂၇၅ ဦး တက်ရောက်ပြီး နံနက် ၁၀း၃၀ တွင်
အခမ်းအနား ရုပ်သိမ်းခဲ့သည်။
သင်တန်းတက်ရောက်သောဟဆရာ /မ များသည်ေ့းမျက်နှာမြို့ပေါ် တွင်
စင်တာ၅ခုခွဲပြီး ခရိုင်နည်းပြများမှ ထပ်ဆင့် ရှင်းလင်း သင်တန်းပေးခဲ့ပါသည်။
ကျွန်တော်တို့ အမက မြစ်ကျိုး ကျောင်းတွင် သင်တန်းသား ၆၂ ဦး တက်ရောက်ပြီး
သင်တန်းနည်းပြ ဆရာဦးလှိုင်တင် ဆရာ ဦးအောင်သောင်း ဆရာဦးမြင့်လိုင်
တို့မှ သင်ကြားပြသပေးသည်။
Monday, March 3, 2014
Tuesday, February 25, 2014
ပညာရေးသတင်း
လေးမျက်နှာလုံးဆိုင်ရာ ဇီဝိတဒါန ကျွဲ နွား အသက်ကယ်အသင်း၏ အလှူငွေပေးအပ်ပွဲ
အလှူငွေပေးအပ်ပွဲကို ယွန်ကျောင်း ပရိယတ္ထိစာသင်တိုက်တွင် နေ့လည် ၁၂ နာရီမှာ
ပြုလုပ်မှာဖြစ်ပါသည်။ သရက်တောကျောင်းတိုက်ဆရာ ဆရာတော်မှ ရေစက်ချတရားဟောကြားမည်ဖြစ်ပါသည်။
Wednesday, February 19, 2014
ဥပဒေ ကို လေးစားလိုက်နာခြင်းမရှိသော အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်ဆဲပေးရေး လေးမျက်နှာမြို့နယ်သားများလိုလား
ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ် တွင် တာဝန်ကျနေသော
မြို့နယ် အုပ်ချုပ်ရေးမှူးအား ဥပဒေနှင့်အညီ ဆောင်ရွက်ချင်းမရှိသဖြင့်
လေးမျက်နှာမြို့နယ်သားများမှ ၁၉ ရက်နေ့ နံနက် ၉နာရီမှ ၁၁ နာရီအထိ
လေးမျက်နှာမျြို့တွင် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်မည်ဖြစ်ပါသည်။
စီတန်းခွင့်လူဦးရေ ၄၀၀ ခန့်နှင့် အခြားလိုက်ပါမည့်သူများ ၅၀၀ ခန့်ရှိမည်
ဖြစ်ပါသည်။
Monday, February 17, 2014
ဥပဒေမဲ့ လုပ်ဆောင်ခြင်းအပေါ ကျေနပ်ခြင်းမရှိ
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် တွင် မြို့နယ်အုပ်ချုပ်ရေးမှုးရာဇာဝင်းမှ ဝန်ကြီး၉ ဦး၏ လှိုဝှတ်အမိန့်ုဟု
ဆိုကာ အိုင်သပြု အုပ်ချုပ်ရေးမှူးအား ထုပ်ပယ်ခဲ့သည်။
လေးမျက်နှာမြို့ အုပ်ချုပ်ရေးမှုး ဦးရာဇာဝင်းသည် 10-2-2014
ရက်စွဲပါ စာအမှတ်ဖြင့် အိုင်သပြု ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးခင်ဇော် အား တာဝန်မှ ရပ်စဲလိုက်သည်။
၂။ မြို့နယ်အထောက်အကူပြု အဖွဲ့ အိုင်သပြု အဖွဲ့ဝင်များကိုလည်း
ထုပ်ပယ်လိုက်သည်။
၃။ အိုင်သပြု အုပ်ချုပ်ရေး မှူး ယာယီအား ဦးလှသိန်း အား တင်မြောက်ပေးလိုက်သည်။
အထက်ပါ ၃ ချက်တွင် ဝန်ကြီး ၉ဤဦး၏ ဆုံးဖြတ်ချက်ဟုဆိုပြီး
ဦးခင်ဇော်အား တာဝန်ရပ်ဆိုင်းသည်ကို အိုင်သပြု ကျေးရွာသားများ
မှ မကျေနပ်၍ လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးရုံးသို့ သွားရောက်
တွေ့ဆုံရာ ဦးရာဇာဝင်းသည် ပြည်သူများနှင့်တွေ့ဆုံခြင်းမရှိပဲ
ရှောင်နေခြင်း ဦးခင်ဇော်အား ဖြုတ်ရသည့်အကြောင်းကို မေးမြန်း
သော်လည်း တိကျသောစကားကိုမပြော လျှိုဝှတ်အမိန့် နဲ့ဖြုတ်သည်ဟုပဲဖြေကြားသည်။ အမိန့်စာကို ဦးခင်ဇော်က တောင်းသော်လည်း ထုတ်ပေးခြင်းမရှိပဲ ဝေ့ဝိုက်နေသည်။
မြို့နယ်ထောက်ကူပြု အဖွဲ့ ကို ဖြုတ်သည်မှာလည်း မှားမိကြောင်း
10-ရက်နေ့ နံနက်ပိုင်းတွင် ဖြုတ်စာပေးပြီး ညနေပိုင်းတွင် ပြန်လည်ခန့်စာပေးလိုက်သည်။
ယာယီအုပ်ချုပ်ရေးမှူး ဦးလှသိန်းကိုလည်း ပြည်သူရွေးချယ်ခြင်း
မဟုတ်ပဲ သူ၏သဘောဖြင့် ခန့်စာပေးလိုက်ပြီး ညနေပိုင်းတွင်
တာဝန်ရပ်စဲစာထုတ်ပြန်ပေးလိုက်သည်။
ဦးရာဇာဝင်းနှင့်အတူ ပူးပေါင်းပြီးဆောင်ရွက်နေသော မြို့နယ်
အထောက်အကူပြု အဖွဲ့များသည်လည်း ရှောင်ပြေးနေကြောင်း
သိရသည်။
10 ရက်နေ့ညပိုင်းတွင် အိုင်သပြု ဖွံ့ထောက်နှင့် ယီာအုပ်ချုပ်ရေးမှူး
အား တာဝန်မှ ရပ်ဆဲ သည်နှင့်ခန့်အပ်စာကို လွယ်လင့်တကူ
ထုပ်ပေးလိုက်သည်။
ဦးခင်ဇော်အား တာဝန်ရပ်စဲသ ကို ထုတ်ပြန်စာမပေးပဲ ထိန်ချန်ထားခဲ့သည်။
11-2-2014 နေ့တွင် လေးမျက်နှာအုပ်ချုပ်ရေးမှူးရုံးသို့ အင်အား
၁၀၀ခန့် သွားရောက်ကြရာ ဦးရာဇာဝင်းသည် တိမ်းရှောင်နေ
သည်။ ညနေ၅ နာရီအထိစောင့်ရာ ဖုန်းဆက်လည်း ခေါ်ခိုင်းလည်း
မရဖြစ်ခဲ့သည်။
အိုင်သပြုနေပြည်သူများအနေဖြင့် ဦးခင်ဇော်အား ထုတ်ပယ်သည်မှာ အကြောင်းပြချက်ခိုင်လုံခြင်းမရှိသည့်အပြင်
ခရိုင်အုပ်ချုပ်ရေးမှူး တိုင်းဒေသကြီးမှ ဝန်ကြီးများ၏ အမိန့်
ဟုဆိုကာ ခုတုံးလုပ်ထားကြောင်းသိရှိရသည်။
လွန်ခဲ့သော ၄ လခန့်ကလည်း ခမောက်စုအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအေး ကိုလည်း ဝန်ကြီး ၉ ဦး၏ ဆုံးဖြတ်ချက် ဆိုပြီး တာဝန်ရပ်လိုက်သည်။
ပြည်သူတင်မြောက်သော အုပ်ချုပ်ရေးမှူးကို ထုတ်ခြင်တိုင်းထုတ်
သို့ပါ၍ အခြေအမြစ်မရှိပဲ လေးမျက်နှာမြို့နယ်သိုရောက်ရှိနေသော အုပ်ချုပ်ရေးမှူး
ဦးရာဇာဝင်း ဥပဒေကို အလွဲသုံးစားပြုလုပ်သော သူ ဥပဒေကို
လေးစားလိုက်နာတက်သော အသိမရှိသော အုပ်ချုပ်ရေးမူးအား
တစ်မြို့နယ်လုံးမှပြည်သူများမှ အလိုမရှိကြပါ။
ပြောင်းရွှေ့ပေးမည်ဆိုလျှင်လည်း နောက်ထပ်ရောက်ရှိမည့်
မြို့များတွင် ထိုလိုမျိုး ထပ်ဖြစ်မည်ဖြစ်သောကြောင့်
ရာသက်ပန်အနားပေးလိုက်ပါရန် ပြည်သူများမှာ တင်ပြလိုက်ပါသည်။ိ

Friday, February 14, 2014
လေးမျက်နှာမြို့နယ် အိုင်သပြု မြောက် တွင်ကျောင်းဆောင်သစ်ဆောက်လုပ်ရေးအတွက်ပန္နိတင်ပွဲပြုလုပ်
အိုင်သပြု မြောက် အခြေခံပညာမူလတန်းကျောင်း ၁၃ရက်နေ့နံနက်ပိုင်း
တွင် ကျောင်းဆောင်သစ် ပန္နပ်ရိုက်မင်္ဂလာပြုလုပ်ခဲ့ပါသည်။
ပေ ၁၂၀ ရှိသော ကျောင်းသစ်ကို ငွေ သိန်း ၂၈၈ သိန်းခန့် ကျောင်းသစ်တစ်ဆောင်
နိုင်ငံတော်အစိုးရမှ ချပေးခဲ့ပါသည်။
ပန္နပ်မတင်အခမ်းအနား ကို ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်
တိုင်းပညာရေးမှူး ဦးကြည်အောင် နှင့် ဆောက်လုပ်ရေးကုမ္မဏီ မှ အမှုဆောင်အရာ
ရှိ မြို့နယ်ပညာရေးမှုး ဦးသန်းဝင်း လေးမျက်နှာမြို့နယ် လွတ်တော်ကိုယ်စားလှယ်
ဦးသိန်းထွန်း ဦးမျိုးညွှန့်တင် ဦးရဲကျော်သင် ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဝင်း တို့မှ ပန္နပ်ရိုက်ခဲ့သည်။ ပေ ၁၂၀ ကျောင်းဆောင်သစ်ကို
လာမည်နှစ် ကျောင်းဖွင့်မတိုင်မီ အပြီးဆောက်လုပ်မည်ဖြစ်ပါသည်။

Saturday, January 11, 2014
လေးမျက်နှာမြိုနယ် အိုင်သပြု ကျေးရွာ ကြာသပတေးပတ်တွင် Dhamma school သင်ကြား
အိုင်သပြု ဈေးတွင်း ကြာသပတေးပတ်တွင် Dhamma school သင်တန်းကို
လူငယ်များစုစည်းဦးဆောင်ပြီး ကလေးငယ်များကို ညနေတိုင်းသင်ကြားပေးလျက်ရှိပ်
သည်။သင်တန်းသို့ တက်ရောက်သော ကလေး အယောက် ၃၀ ခန့် ရှိပါသည်။
dhamma school သင်တန်းတက်ရောက်ခြင်း ကြောင့် ကလေးငယ်များ ယဉ်ကျေး
လိမ္မာစေခြင်း ဗုဒ္ဓဘာသာကို အခြေခံမှစ၍ နားလည်သိရှိစေခြင်း ကလေးများ
အနာဂတ်တွင် တိုးတက်ကောင်းမွန်စေသော လူငယ်များပေါ်ထွန်းလာစေရန်
ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေပါသည်။