Saturday, February 21, 2015

ပညာရေးနိမ့်ပါးမှု

Thursday, February 28, 2013

မြန်မာ့ပညာရေး နိမ့်ပါးမှုနဲ့ ပြဋ္ဌာန်းစာအုပ်များ
           ပညာရေးစနစ်တစ်ခု နိမ့်ပါးရခြင်းအကြောင်းကို ပြောကြဆိုကြမယ်ဆိုရင် အကြောင်းပေါင်းများစွာ ရှိနိုင်တယ်။ အဲဒီအကြောင်းတွေထဲက ပြဋ္ဌာန်းစာအုပ်တွေဟာလည်း အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်မှာ အာဏာရှင်တွေက သူတို့အာဏာ တည်မြဲရေးအတွက် သူတို့ကို ပြည်သူတွေက မတွန်းလှန်နိုင်အောင် ပညာရေးကို အသုံးချတတ်တယ်။ ကွန်မြူနစ် အာဏာရှင် စနစ်မှာလည်း ကွန်မြူနစ်စနစ် တည်မြဲဖို့အတွက် ပညာရေးစနစ်က ကွန်မြူနစ် ပညာရေးစနစ်ဖြစ်တယ်။ ဆိုရှယ်လစ်အာဏာရှင်စနစ်မှာ ပညာရေးမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေဟာ ဆိုရှယ်လစ်တွေ မိုးမွှန်နေတတ်တယ်။ အရင်းရှင် အာဏာရှင်စနစ်မှာ အဲဒီအရင်းရှင်စနစ် တည်မြဲဖို့ ပညာရေးကို အသုံးချတတ်တယ်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ဆိုတာလို ဒီမိုကရေစီပညာရေးစနစ်က ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေဆိုတာကို အားပေးပါတယ်။
အာဏာရှင်စနစ်တွေမှာ ပညာရေးကို နိမ့်ပါးအောင် လုပ်ရတာက ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ ပညာတတ်တဲ့သူတွေဟာ အစိုးရကို များများ ဝေဖန်တတ်ပြီး ပညာချို့တဲ့တဲ့သူတွေက နှုတ်ပိတ်နေတတ်လေ့ရှိပါတယ်။ အာဏာရှင်တွေဟာ ပြည်သူတွေ နှုတ်ပိတ်နေတာကို အမြဲတမ်း အလိုရှိတတ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပညာရေးကို စနစ်တကျ နိမ့်သထက် နိမ့်အောင် ပြုလုပ်တတ်ကြတယ်။ ဒါကို ဥပမာပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ ၁၀ တန်း အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ပြဋ္ဌာန်းထား တဲ့ စာတစ်ပုဒ်ကို ထုတ်ပြပါမယ်။ အဲဒါကတော့ Too Much Knowledge Maketh Fool ဆိုတာပဲ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ခေါင်းစဉ်ကိုက အသိပညာများတာဟာ အရူးဖြစ်တတ်တယ်လို့ ပြနေတယ်။ အဲဒီရဲ့ အဓိပ္ပာယ်က ကျောင်းသားတွေ ကို အသိပညာများတာဟာ မကောင်းဘူး။ အတတ်ကျူးရင် ရူးတတ်တယ်လို့ ပြောပြနေတယ်။ အဲဒီရဲ့ အကျိုးဆက်က ဘာလဲ။ ကျောင်းသားတွေဟာ အသိပညာများတဲ့ အလုပ်တွေကို မလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဒါက ခေါင်းစဉ်က ပေးလိုက်တဲ့ အကျိုးဆက်ပါပဲ။
တစ်ခါ အဲဒီအင်္ဂလိပ်စာထဲမှာ ပါတာတွေကို လေ့လာကြည့်ပါတယ်။ အဲဒီအထဲမှာ ဒဿနသမား တစ်ယောက်ပါတယ်၊ နက္ခတ္တသမား တစ်ယောက် ပါတယ်၊ ဆေးပညာသမားတစ်ယောက် ပါတယ်၊ ဂီတသမားတစ်ယောက် ပါတယ်။ ဒဿနသမားကို အတွေးတွေ များလို့ ထောပတ်တွေ ပျော်ကျသွားတာနဲ့ တွဲပြီး အသုံးမကျတဲ့အကြောင်း ကျောင်းသားတွေကို သင်ကြားပေးလိုက်တယ်။ စဉ်းစားကြည့်ပါဦး။ ဒဿနသမားတစ်ယောက်ရဲ့ အလုပ်က ဘာလဲဆိုတာကို။
နောက်တစ်ယောက်ကို ပြောကြည့်ပါဦးမယ်။ သူက ဂီတသမားပါ။ စာထဲမှာ ဂီတသမားက ထမင်းချက်နေတယ်။ ထမင်းအိုး ဆူတော့ ပွက်ကုန်ကြတယ်။ သူက အဲဒီပွက်ပွက်ဆိုတဲ့ အသံတွေထဲမှာ ဂီတကို ရှာဖွေတွေ့ရှိသွားတယ်။ သူ တွေ့ရှိသွားတဲ့ ဂီတသံတွေကို အခုခေတ်ဂီတနုတ်တွေနဲ့ ပြလိုက်ရရင် ဘယ်ကလောက်များ လှပနေလိုက်မလဲ။ သူဟာ အဲဒီဂီတသံတွေထဲမှာ မျောသွားတယ်။ နောက်ဆုံးမနေနိုင်တော့ ထကမိသွားတဲ့အဆင့်အထိပါပဲ။ ဒါကို သေသေချာချာ ကြည့်ရင် ပညာရေး(academic)ရဲ့ အောင်မြင်မှုပါပဲ။ ဒါဟာ ဘယ်လောက်များ ကြီးကျယ်ခမ်းနားလိုက်ပါသလဲ။ ဒါပေမယ့် အဲဒီစာထဲမှာ ဂီတသမားရဲ့ ပညာရေးအောင်မြင်မှုကို ထမင်းအိုး တစ်လုံးနဲ့ တန်ဖိုးဖြတ်လိုက်တယ်။ မြန်မာပြည်က ၁၀တန်းစာသင်ခန်းတွေထဲမှာ အဲဒီဂီတသမားကို ထမင်းအိုးတစ်လုံးတောင် မတည်တတ်တဲ့ကောင်ပဲ ဆိုပြီး ကျောင်းသားတွေရှေ့မှာ ကဲ့ရဲ့အပြစ်တင်ပြလိုက်တယ်။ အဲဒီအတွေးအခေါ်တွေက ကျောင်းသားတွေကို တုံးသွားစေတယ်။ ဒါကို အာဏာရှင်တွေက ကြိုက်ပါတယ်။ အသိဥာဏ်တုံးပြီး နှုတ်ပိတ်နေတဲ့သူ များလေ သူတို့ အာဏာရှင်တွေ သက်ဆိုးရှည်လေပါပဲ။
အဲဒီပြဋ္ဌာန်းစာအုပ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးနိုင်ပါတယ်။ ဂီတသမားကို သူ့ဂီတပညာနဲ့ တန်းဖိုးဖြတ်ကြမလား၊ ထမင်းအိုးတစ်လုံးနဲ့ တန်းဖိုးဖြတ်ကြမှာလား ဆိုတာပါပဲ။ ဒီမှာ ဆက်ပြီး စဉ်းစားဖို့က အိုင်းစတိုင်းကို သူရဲ့ ရီလေတစ်ဗတီသီအိုရီနဲ့ တန်ဖိုးဖြတ်မှာလား၊ ဒါမှမဟုတ် သူ့ကို ကြက်ဥတောင် ပြုတ်မစားတတ်တဲ့ကောင်ဆိုပြီး ကျောင်းသားတွေရှေ့မှာ အပြစ်တင်ပြမှာလား။ နယူတန်ကိုလည်း သူ့ရဲ့ မြေဆွဲအားနိယာမသီအိုရီနဲ့ တန်ဖိုးဖြတ်ပြမလား၊ ချောကလက်တောင် အဆင်ပြေအောင် ၀ယ်မစား တတ်တဲ့ကောင်လို့ ကျောင်းသားတွေကို သင်ကြားလိုက်မှာလားဆိုတာတွေပါပဲ။
ဒီမိုကရေစီစနစ်ကို သွားနေပြီလို့ သတ်မှတ်ချင်ရင် ကျောင်းသားတွေရှေ့မှာ အာဏာရှင်စနစ်ကို အားပေးအားမြှောက် ပြုထားတဲ့ စာတွေထဲကလို ပညာရှင်တစ်ယောက်ကို ထမင်းအိုး တစ်လုံးနဲ့ တန်ဖိုး မဖြတ်ပြမိဖို့ လိုပါတယ်။ ပြောချင်တာက ၁၀တန်း အင်္ဂလိပ် ပြဋ္ဌာန်းစာအုပ်ထဲက ဂီတသမားကို သူ လေ့လာထားတဲ့ ဂီတပညာနဲ့ တန်းဖို့ မဖြတ်ဘဲ ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်ပြလိုက်သလို မဖြစ်ဖို့ လိုပါတယ်။ ပညာရှင်တွေကို ထမင်းတစ်လုံးနဲ့ တန်ဖိုးဖြတ်တတ်တဲ့လူမျိုးတစ်မျိုးဟာ ဘယ်လိုအဆင့်မျိုးကို ရောက်သွားနိုင်တယ် ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။
အောင်နိုင်
Education View စာမျက်နှာမှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မောက္ခ ပညာရေးမဂ္ဂဇင်း

No comments:
Post a Comment


Home
View web version
Powered by Blogger.

Monday, February 9, 2015

ကျောင်းသားဆိုတာ



Monday, February 2, 2015
မင်းကောင်းချစ် - “ ကျောင်းသားဆိုတာ”

မင်းကောင်းချစ် - “ ကျောင်းသားဆိုတာ”
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၅

    ကျောင်းသားဆိုတာ….
ဖေါက်ပြန်သူတွေလို … ပေါင်းမစားဘူး ။

    ကျောင်းသားဆိုတာ ….
ပုတ်သင်ညိုတွေလို အရောင်…. ပြောင်းမသွားဘူး ။

    ကျောင်းသားဆိုတာ ….
ဖိနှိပ်သူထံ အညံ့ခံ …. တောင်းမစားဘူး ။

    ကျောင်းသားဆိုတာ ….
တိုင်းပြည်အနာဂါတ်ကို …. ရောင်းမစားဘူး ။

    ကျောင်းသားကို မမြူဆွယ်နဲ့                     
    ကျောင်းသားဆိုတာ …. အဖြူထည် ။
    စစ်သားတွေ စစ်တန်းလျှားပြန်တဲ့တနေ့ …
    ကျောင်းသားတွေ ကျောင်းခန်းထဲပြန်ဝင်လိမ့်မယ်။
    စစ်တပ်ကအာဏာသိမ်းရင် …ကျောင်းသားက အာဏာထိမ်းလိမ့်မယ် ။
    တရားမှု့ပျောက်ရင် …. ကျောင်းသားထုရောက်လါမယ် ။
    တကယ်တော့ ကျောင်းသားဆိုတာ …. ဒေါင်းတရားထုံတဲ့ အကောင်းစားသူပုန်ကွဲ့ ။

Share



Home
View web version
Powered by Blogger

Thursday, February 5, 2015

အချောင်စိတ်၊ ပညာရေးနှင့် ဒီမိုကရေစီ နိုင်ငံရေး

အချောင်စိတ်၊ ပညာရေးနှင့် ဒီမိုကရေစီ နိုင်ငံရေး

Details
Category: ပညာရေးအတွေးအခေါ်
Published on Sunday, 18 May 2014 01:44
Written by ဇော်မျိုးလှိုင် (တက္ကသိုလ်ဆရာများ သမဂ္ဂ)

စာရေးသူဟာ ပညာရေး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျောင်းသားတစ်ပိုင်း ဆရာတစ်ပိုင်းဖြစ်ပြီး ကျောင်းသားသက် (၂၅) နှစ်၊ ဆရာလုပ်သက် (၉)နှစ် ရှိခဲ့ပါပြီ။ နိုင်ငံသားတစ်ယောက်အနေနဲ့ကတော့ ရွေးကောက်ပွဲ သုံးကြိမ် (၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂)ကို ကြုံဆုံခဲ့ဘူးပါတယ်။ စာရေးသူရဲ့ အသက်အရွယ် အတွေ့အကြုံအရ ကျောင်းသားများ စာမေးပွဲဖြေဆိုရာမှာ လက်လွတ်စပယ် ဖြေဆိုတတ်တာကို တွေ့ကြုံခဲ့ဖူးသလို ကျောင်းသားများ အတန်းခေါင်းဆောင် ရွေးချယ်မှုမှအစ နိုင်ငံသားများ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုအထိ ပေါ့ပေါ့တန်တန် သဘောထားကြတာ တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒီအတွေ့အကြုံတွေကို အခြေပြုလို့ စာမေးပွဲနဲ့ ရွေးကောက်ပွဲ (သို့) ပညာရေးနဲ့ နိုင်ငံ့အရေး ဆက်စပ်မှုကို ကျောင်းဆရာ အတွေးနဲ့ တွေးမိပါတယ်။

အမေး အဖြေ ပုံစံတွေ

လက်ရှိ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ စာမေးပွဲ မေးခွန်းများမှာ ဓမ္မဓိဋ္ဌာန် (Objective type) မေးခွန်းများ ပါဝင်လျှက်ရှိပါတယ်။ အထူးသဖြင့် သိပ္ပံဘာသာရပ်များတွင် မှန်/မှား (TRUE/FALSE) မေးခွန်းများ၊ ဓမ္မဓိဋ္ဌာန် (Multiple Choice) မေးခွန်းများနဲ့ List A နဲ့ List B မှ သက်ဆိုင်ရာ အဖြေမှန်များကို ယှဉ်တွဲပေးခြင်း (Matching) စတဲ့ မေးခွန်းများ ပါဝင်ပါတယ်။ မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုနိုင်ပါက မေးခွန်း တစ်ပုဒ်အတွက် အမှတ် (၁မှတ်) ရရှိကြပါတယ်။
ဒီနေရာမှာ မေးခွန်းများကို ကျောင်းသားများ ဖြေကြားပုံ၊ ခံယူထားတဲ့ စိတ်ထား စသည်တို့နဲ့ ပတ်သက်တဲ့ အယူအဆများကို တင်ပြချင်ပါတယ်။ ၎င်းမေးခွန်းများကို ဖြေဆိုရာမှာ အသေအချာ နားလည် သိရှိသူ ကျောင်းသားများက ကောင်းစွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေသေချာချာ ဂဃနဏ မသိတဲ့မေးခွန်းများကို ဖြေဆိုရာမှာတော့ ကျောင်းသားများဟာ ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ မျက်မှန်း ရမ်းဆကာ ဖြေဆိုလေ့ ရှိပါတယ်။
သေသေချာချာ ဂဃနဏ မသိတဲ့ TRUE/FALSE (သို့) Multiple Choice (သို့) Matching မေးခွန်းများကို ဖြေဆိုရာမှာ ကြုံရာ တစ်ခုခုကို မျက်မှန်း ရမ်းဆကာ (နံကြားထောက်) ဖြေတတ်ကြပါတယ်။ လက်ရှိ အမှတ်ပေး စည်းမျဉ်းများအရ မှန်ရင် အမှတ်ပြည့် ရရှိမှာ ဖြစ်ပေမယ့် မှားရင်လည်း အမှတ်လျှော့ မခံရပါ။ သို့ဖြစ်တဲ့ အတွက် ကျောင်းသားများဟာ မှန်ရင် အချောင်ရမှာမို့ မိမိတို့ လုံးဝ မသိနားမလည်တဲ့ မေးခွန်းများကို လက်လွတ်စပယ် ဖြေဆိုလေ့ရှိပါတယ်။

အချောင်စိတ်ဓာတ်အစ

ဆရာအချို့ကလည်း ဒီလိုမေးခွန်းများကို ဖြေဆိုရာမှာ တပည့်များကို “ကွက်လပ်တို့ Multiple Choice တို့ကို ဒီအတိုင်းတော့ မထားခဲ့နဲ့။ ထင်တာ တစ်ခုခုတော့ ရမ်းသန်းသာ ဖြေခဲ့။ TRUE/FALSE မှာလည်း TRUE ဒါမှမဟုတ် FALSE တစ်ခုခုကို ထင်တာသာ ဖြေခဲ့။ ကံကောင်းရင် အမှတ်ရလိမ့်မယ်” လို့ သင်ကြား ညွှန်ကြားလေ့ ရှိကြပါတယ်။
ဒီလို ဖြေဆိုတတ်ကြတဲ့ ဓလေ့ဟာ ကျောင်းသားများရဲ့ အနာဂတ်နဲ့ အရေးတကြီး ပတ်သက်နေသလို တိုင်းပြည် အနာဂတ်နဲ့ပါ တိုက်ရိုက် အချိုးကျနေမယ်လို့ ကျနော် မြင်မိပါတယ်။ ခုလို မျက်မှန်းရမ်းဆ ဖြေဆိုနေကြခြင်းဟာ အင်မတန် မှားယွင်းတဲ့ အကျင့်စရိုက်ကို မသိလိုက်မသိဖာသာ စွဲသွားစေပါတယ်။ ရရင် အချောင်ယူလိုက်မယ်ဆိုတဲ့ စိတ်ကို မသိမသာ သွတ်သွင်းပေးနေသလို ဖြစ်နေပါတယ်။ အချောင်စိတ်ဓာတ်ကို စာမေးပွဲစနစ်က အားပေးနေလျှက်ရှိပါတယ်။ ဒါကြောင့် “အချောင်စိတ်ဓာတ်အစ စားမေးပွဲက”လို့ ပြောရမလို ဖြစ်နေပါတယ်။

တာဝန်ယူမှု

ဒီနေရာမှာ ကိုယ်ယုံကြည်ရာ ကိုယ်ရွေးတာ ဘာပြောစရာရှိသလဲလို့ စောဒက တက်နိုင်ပါတယ်။ မှန်ပါတယ်။ ပညာရပ်တစ်ခုခုကို နားလည်မှု စစ်ဆေးခြင်းဟာ အလောင်းအစားတစ်ခုလို ကံဆိုးကံကောင်း စမ်းသပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒီလို ပေါ့ပေါ့ဆဆနဲ့ ရွေးချယ်ဖြေဆိုခြင်းဟာ ကျောင်းသားရဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်နဲ့ တာဝန်သိတတ်တဲ့ စိတ်ဓာတ်ကို ပျက်ပြားစေပါတယ်လို့ ဆိုချင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံက SAT (Scholastic Assessment Test) မေးခွန်းပုံစံကို ဥပမာ ပေးလိုပါတယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်း (Multiple Choice Question, MCQ) များ ဖြေဆိုရာမှာ Negative Marking ဆိုတဲ့ မှားသူကို အမှတ် ပြန်နှုတ်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။ တစ်ပုဒ် အဖြေမှန်ရင် (၁)မှတ်ရပါတယ်။ ဒါပေမယ့် မှားရင်တော့ ရွေးချယ်ခွင့် (၃)ခုပေးထားတဲ့ မေးခွန်းအတွက် အမှတ်ဝက်၊ ရွေးချယ်ခွင့် (၄)ခုပေးထားပါက (၁/၃)မှတ်၊ ရွေးချယ်ခွင့် (၅)ခု ပေးထားပါက (၁/၄) မှတ် ပြန်လျှော့ပါတယ်။ သေသေချာချာ မသိလို့ မဖြေဘဲ လွှတ်ထားခဲ့တဲ့ မေးခွန်းများအတွက်ကတော့ အမှတ် တိုးခြင်း၊ လျော့ခြင်း မရှိပါဘူး။ အဖြေကို မှန်မှန်ကန်ကန် တတ်သိနားလည် ထားသူအတွက် ထိုက်တန်တဲ့ အမှတ်ချီးမြှင့်မှု ဖြစ်သလို သေချာဂဏ မသိပဲ ရမ်းဆဖြေဆို(guesswork) မိပါက မိမိအမှားကို တာဝန်ယူစေခြင်း ဖြစ်ပါတယ်။

ဒါဟာ သေသေချာချာ ဂဃနဏ မသိပါဘဲ မျက်မှန်းရမ်းဆဖြေဆိုခွင့် (ရမ်းတုတ်ခွင့်)ကို ခွင့်ပြုမထားခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းသားများအနေနဲ့ (၁)မှတ် ထပ်ယူမလား (သို့) အမှတ် ပြန် အလျှော့ခံမလား (သို့) မသိတာကို ရိုးသားစွာဖြင့် ဖြေဆိုမှု မပြုပဲ ထားမလား သေသေချာချာ စဉ်းစားရပါမယ်။ ကျောင်းသားဟာ မိမိ ရွေးချယ်မှု အတွက် ကိုယ်တိုင် တာဝန်ယူစေခြင်းပဲ ဖြစ်ပါတယ်။ တာဝန်သိမှု (responsibility) နဲ့ တာဝန်ခံမှု (accountability) တို့ကို ကျောင်းစာမေးပွဲကနေ စတင် လေ့ကျင့် ပေးလိုက်ခြင်းပဲ ဖြစ်တယ်လို့ မြင်မိပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံမှာ လက်ရှိ သုံးစွဲနေတဲ့ အမှတ်ပေးပုံ အရဆိုရင် ကျောင်းသားဟာ အဖြေမမှန်လည်း အမှတ်လျှော့ မခံရတာကြောင့် မှားလည်း ပြဿနာမရှိ။ မဖြေ့ဘဲ ထားတာနဲ့စာရင် အခွင့်အရေး ပိုကောင်းတယ်။ မှားရင် အရင်း၊ မှန်ရင် အမြတ်ပဲ၊ အချောင်ရတာပဲလို့ ခံယူနေကြပါတယ်။ ကိုယ်မသိသော အဖြေမှန်ကို မသိလဲ ရမ်းတုတ်ခွင့် ရနေပါတယ်။ ဒါဟာ ကျောင်းသားများကို အချောင်စိတ် မသိမသာ ၀င်သွားစေတယ်လို့ ဆိုနိုင်ပါတယ်။

ရွေးချယ်စရာများတဲ့ လောက

ကျောင်းသား/သူများဟာ တချိန်မှာ အခြားခြားသော ရွေးချယ်စရာများ ကြုံလာမှာ ဖြစ်ပါတယ်။ ဒီအခါမှာ စာမေးပွဲ ဖြေစဉ်ကလို ပေါ့ပေါ့တန်တန် ရွေးချယ်ကြပါက ဘ၀မှာ အခက်အခဲမျာနဲ့ ရင်ဆိုင် ကြုံတွေ့ကြရပါလိမ့်မယ်။ မျက်မှန်းရမ်းဆ ရွေးချယ်မှုတွေကြောင့် ကာယကံရှင် တစ်ယောက်အတွက်သာမက လူ့ပတ်ဝန်ကျင်၊ လူ့အသိုင်း အ၀ိုင်းကိုပါ ရိုက်ခတ်လာနိုင်တာတွေ ရှိလာပါမယ်။
အခြေခံပညာသင်ယူ တတ်မြောက်ပြီးနောက် ဘ၀မှာ ရွေးချယ်စရာများကို ဥပမာအဖြစ် တင်ပြရရင်
(၁) တက္ကသိုလ်သင် ဘာသာရပ်
(၂) အသက်မွေးဝမ်းကျောင်း (တစ်နည်း) အလုပ်အကိုင်
(၃) မိမိလက်ဝယ်ရှိ ငွေကြေးနဲ့ ၀ယ်ယူသုံးစွဲမည့် ကုန်စည်နှင့် ၀န်ဆောင်မှု
(၃) ချစ်သူရည်းစားမှ အိမ်ထောင်ဖက်အထိ စသဖြင့် ရှိပါမယ်။ ဒါတွေသာမက အခြားခြားသော ဘ၀ဆိုင်ရာ ရွေးချယ်စရာများ အများအပြား ကျန်ရှိပါဦးမယ်။

အမတ်ရွေးမှားရင်ဖြင့်

ဒါ့အပြင် လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း နေတတ်သူမဟုတ်၊ အုပ်စုဖွဲ့ နေထိုင်တတ်သည့် သတ္တ၀ါ ဖြစ်ရာ မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်/တိုင်းဒေသကြီး၊ နိုင်ငံ စသဖြင့် အုပ်စုအရွယ်အစား အဆင့်ဆင့် ရှိပါတယ်။ ဒါကြောင့် မိမိ နေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်မှုမှ အစ လွှတ်တော် ကိုယ်စားလှယ် အလယ်၊ နိုင်ငံတော် သမ္မတ အဆုံး အားလုံးကို နိုင်ငံအတွင်း မှီတင်းနေထိုင်သူ ပြည်သူအများက ရွေးချယ်ပေးကြရပါမယ်။ ဒီ လွှတ်တော်ကိုယ်စားလှယ်များကနေတဆင့် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုသမ္မတများနဲ့ နိုင်ငံတော် သမ္မတတို့ကို ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဒီကိစ္စဟာ နိုင်ငံရဲ့ အနာဂတ်နဲ့ တိုက်ရိုက် အချိုးကျလျှက် ရှိနေပြန်ပါတယ်။
ဒီလို ရွေးချယ်တင်မြှောက်ကြရာမှာ အရွေးချယ်ခံမယ့် ပုဂ္ဂိုလ်များဟာ ပါတီအသီးအသီးက ဖြစ်စေ (သို့) တသီးပုဂ္ဂလ ဖြစ်စေ ဖြစ်နိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်မှု ပြုရာမှာ အရွေးချယ်ခံသူများဟာ
• မည်သည့် စာရိတ္တရှိသူ လူစားမျိုး ဖြစ်သည်၊
• မည်သည့် အလုပ်အကိုင်ကို လုပ်ကိုင်သည်၊
• မည်သည့် သမိုင်းကြောင်း ရှိခဲ့သူ ဖြစ်သည်၊
• မည်သည့် နိုင်ငံရေး အယူအဆကို ကိုင်စွဲထားသူ ဖြစ်သည်၊
• အရွေးချယ်ခံရပါက ပြည်သူကို မည်သို့ အကျိုးပြုနိုင်မည် စသည်တို့ကို အခြေခံကာ စဉ်းစားရမှာ ဖြစ်ပါတယ်။
ဒီကိစ္စမှာ စဉ်းစားမှု မှန်မှ ရွေးချယ်မှု မှန်ကန်ပါမယ်။ တစ်ဦးချင်း ရွေးချယ်မှု မှန်ကန်မှသာ ရပ်ရွာမှ အစ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုထိ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်မှု မမှန်ကန်ခဲ့ပါက ရပ်ရွာ ဒေသမှ အစ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှု အထိ ကြီးမားသော ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်လာနိုင်ပါတယ်။

ပညာရေး စနစ် ပြင်ဖို့လို

စာရေးသူတို့ နိုင်ငံသူနိုင်ငံသားများဟာ ဒီမိုကရေစီ စနစ်အရ ရွေးကောက်ပွဲအမျိုးမျိုးကို အကြိမ်ကြိမ် ဖြတ်သန်းကြရမှာ မလွဲဧကန် ဖြစ်ပါတယ်။ နောင်လာမယ့် ရွေးကောက်ပွဲများမှာ လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များက ရွေးချယ်ရာမှာ ကျောင်းသား၊ ကျောင်းသူများက MCQ မေးခွန်းများ ဖြေသလို နံကြားထောက်၊ မျက်မှန်း ရမ်းဆကာ ရွေးချယ်လိုက်မှဖြင့် အနာဂတ် နိုင်ငံတော်အရေး မတွေးဝံ့စရာ ဖြစ်ပါတယ်။ အရွေးမှားလျှင် မိမိတို့ တိုင်းသူပြည်သားများပင် အကျိုးနည်းရမှာ ဖြစ်တယ်ဆိုတာကို သတိချပ် ကြရပါမယ်။
ဒါကြောင့် ကျောင်းသားအရွယ်မှစကာ တာဝန်သိတတ်တဲ့စိတ် တာဝန်ခံတတ်တဲ့စိတ်ကိုအခြေခံတဲ့ ရွေးချယ်မှုအတတ်ကို စနစ်တကျ လေ့ကျင့် ပေးကြရမှာ ဖြစ်ပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံရေးအတွက် ပညာရေးစနစ်ကို ခေတ်နဲ့အညီ ပြုပြင်ကြရပါမယ်။ ဒါမှသာ အနာဂတ်နိုင်ငံတော်အတွက် အရည်အချင်းပြည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ၎င်းတို့မှတဆင့် ပြည်သူ့ အကျိုးပြု ဥပဒေများကို ပြုစု ပြဋ္ဌာန်းနိုင်မှာ ဖြစ်သလို ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဒုသမ္မတများနဲ့ နိုင်ငံတော် သမ္မတကို ရွေးချယ် ခန့်အပ်ကာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ အစိုးရကောင်းမှ တိုင်းပြည်ကောင်းနိုင်ပါမယ်။ ဒါကြောင့် လက်ရှိ စာမေး၊ စာစစ်ပုံစံမှအစ အခြားခြားသော ပြုပြင်ပြောင်းလဲသင့်တဲ့ အရာများကို ပြင်ဆင်ပြောင်းလဲကာ ပြီးပြည့်စုံသော ဒီမိုကရေစီပညာရေးစနစ်ကို စနစ်တကျ တည်ဆောက်၍ အများပြည်သူ မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ကြရမှာ မလွဲဧကန်ပင် ဖြစ်ပါတယ်။

7 Day Daily

No.380, May 16, 2014

0 Comments.
Tell us what do you think
Comment is required
Name is required
Website / blog

Powered by Bullraider.com
Next >
Share Share Share Share More
15

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238











ပညာတော်သင်ဆု
အယ်ဒီတာ့အာဘော်
♦ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အရေး နှစ်ခုရှိနေဟု MSI ဆို
♦ စင်ကာပူမှာ အေဘီအီးလယ်ဗယ်ဖိုး ဒီပလိုမာ တက်ရောက်နိုင်
♦ အီဒင်ဘာ့ခ်ျနာပီရာတက္ကသိုလ်က မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုချီးမြှင့်မည်
♦ သြစတြေးလျား အမျိုးသားတက္ကသိုလ်မှာ ပြည်တွင်း၊ ပြည်ပရွေးချယ်မှုများတဲ့ အင်ဂျင်နီယာဘာသာရပ်
♦ နယူးဇီလန်-အာဆီယံ ပညာသင်ဆု အစီအစဉ်
ပြည်နယ်များအလိုက် ကိုယ်ပိုင် ကျောင်းဝတ်စုံ ယူနီဖေါင်း ရွေးချယ်ခွင့် ရှိသင့်ပါသလား။
ရှိသင့်ပါသည် - 100%
မရှိသင့်ပါ - 0%

Total votes: 2
The voting for this poll has ended on: 26 Aug 2013 - 12:26
View details
read the related article >>

Free online English dictionary from Oxford

ကဗျာ
သိ​န်း ၂​၁​၀​၀ တန်ထ​မ​င်း​ဝို​င်း
တံ​ခွန်အ​လှ ဖန်ဆ​င်ြး​ပ​သူ (နွယ်သာ​ကီ​သံြ​ဖ​တ်)
ကန်တော့ပန်း
လက်ဦးဆရာ
အျ​ဖဴ​ေ​ရာင္သေ​ကၤ​တမ်ား
နည်းပညာ
ကွန်ပျူတာဆာဗာဆိုသည်မှာ
အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့
Youtube Video များကို Downloader မလိုပဲ ကွန်ပျူတာမှ Download လုပ်နည်း
တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး
အွန်လိုင်းပေါ်မှ MBA အခမဲ့ တက်ခွင့်ရမည့် တက္ကသိုလ်
ပညာရပ်စာတမ်းများ
ဖက်ဒရယ်ပညာရေး (အပိုင်း ၅)
ဖက်ဒရယ်ပညာရေး (အပိုင်း ၄)
ဖက်ဒရယ်ပညာရေး (အပိုင်း ၃) - သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်
ဖက်ဒရယ်ပညာရေး
ဖက်ဒရယ်ပညာရေး အပိုင်း (၁ - ၂)
ပညာရေးအတွေးအခေါ်
အချောင်စိတ်၊ ပညာရေးနှင့် ဒီမိုကရေစီ နိုင်ငံရေး
ပညာရှင်စိတ်ဓာတ်ရှိသူ
Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု
သင်ကြားရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေး
ကမ္ဘာ့မူလတန်းလွန် ပညာ

Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခ

Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု

Details
Category: ပညာရေးအတွေးအခေါ်
Published on Monday, 13 May 2013 03:11
Written by နှိုင်းရင့်နွေ
(မြန်မာ့ယဉ်ကျေးမှုမှာ အမြစ်သဖွယ် တွယ်နေပြီး ရှေးဦးလေ့လာရေး စာပေတစ်ခုအနေနဲ့လည်း ထင်ရှားတဲ့ လောကနီတိ၊ စဏကျနီတိ ကျမ်းတွေကို အဓိက ပြုစုရေးသားတင်ပြခဲ့တဲ့ သူကတော့ မျက်မှောက်ခေတ်မှာ အငြင်းပွားဖွယ်ရာ ရှေးဟောင်းဒဿန ပညာရှင် စဏကျ Chanakya (Kautilya) 'Visunu Gupta ဖြစ်ပါတယ်။  လောကနီတိမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ ယောက်ျားကောင်းတို့ရဲ့ သဘောသဘာဝ၊ ပညာရဲ့ သဘောသဘာဝ၊ ပညာရှိတို့ရဲ့ အကျင့်အကြံ၊ တင်ပြပုံတွေမှာ ၂၁ ရာစုခေတ်ကာလနဲ့ မကိုက်ညီမှုတွေ ရှိနေတယ်၊ အလွန်အမင်း ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်ယူဆချက်တွေလည်း ရှိနေပါတယ်။ သို့ပေတဲ့ မြန်မာ့ ပညာရေးအယူအဆနဲ့ ယဉ်ကျေးမှု အပေါ် များစွာ လွှမ်းမိုးမှု ရှိခဲ့တဲ့၊ ရှိနေဆဲ ပညာရှင်တစ်ပါးရဲ့ အဓိက အယူအဆ အချို့ကို ဒဿလေ့လာမှုအနေနဲ့ တင်ဆက်လိုက် ပါတယ်။ မောက္ခ ပရိသတ်များအနေနဲ့ ဝေဖန်ကြဖို့နဲ့ ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ လေးစားမှုနဲ့ ... မောက္ခပညာရေး မဂ္ဂဇင်း)

Chankya (စဏကျ) ဆိုတာ ဘီစီ 370 မှာမွေးဖွားပြီး 283 မှာ သေဆုံးခဲ့တဲ့ အိန္ဒိယ အတွေးအခေါ်ပညာရှင်၊ ကျောင်းဆရာနဲ့ တော်ဝင်အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်.... (ဗုဒ္ဒပွင့်တော်မူပြီး နှစ်ပေါင်း ၂၀၀ ခန့်မှာ မွေးဖွားခဲ့သူပါ။)

သူဟာ တက္ကသီလာ တက္ကသိုလ် (Takshashila University) မှာ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်များဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါတယ်... 

အခုဖော်ပြပေးမှာကတော့ Chankya သင်ကြားပို့ချခဲ့တဲ့ အတွေးအခေါ်အယူအဆတွေထဲက မှတ်သားဖွယ်အချက်တွေဖြစ်ပါတယ်...

၁) တခြားသူရဲ့အမှားတွေကနေ လေ့လာသင်ယူပါ... သင့်အနေနဲ့ အဲ့ဒီအမှားတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်လောက်တဲ့အချိန်အထိ အသက်ရှည်မှာမဟုတ်ဘူး....

၂) လူတစ်ယောက်ဟာ အလွန် မရိုးသားသင့်ဘူး... ဖြောင့်မတ်တဲ့ သစ်ပင်တွေဟာ ဦးဆုံး အခုတ်ခံရတယ်... ဒီလိုပဲ အရိုးသားဆုံး လူတွေကိုလည်း အရင်ဆုံး ရှင်းထုတ်ကြလိမ့်မယ်...

၃) အဆိပ်မရှိတဲ့ မြွေတစ်ကောင်တောင်မှ အဆိပ်ပြင်းသလို ဟန်ဆောင်နေသင့်တယ်...

၎) ဘယ်လိုမိတ်ဆွေ ဆက်ဆံရေးမျိုးမှာမဆို နောက်ကွယ်မှာတော့ ကိုယ့်အတွက် ကိုယ်ငဲ့တတ်တာချည်းပါပဲ... ကိုယ့်အတွက်မငဲ့တဲ့ မိတ်ဆွေသူငယ်ချင်း ဆက်ဆံမှုမျိုးဆိုတာ လုံးဝမရှိပါဘူး... ဒါဟာခါးသီးတဲ့ အမှန်တရားပါပဲ...

၅) အလုပ်တစ်ခုကို မစခင်မှာ သင့်ကိုယ်သင် မေးခွန်း သုံးခုအမြဲမေးပါ... ဘာကြောင့် ဒီအလုပ်ကိုငါလုပ်ရမှာလဲ.... အကျိုးရလဒ်ကဘာလဲ... အောင်မြင်နိုင်သလား.... သေသေချာချာ စဉ်းစားကြည့်ပြီး ဒီမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရတဲ့ အခါမျိုးမှသာ ဆက်လုပ်ပါ...

၆) အကြောက်တရားက အနားချဉ်းကပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအကြောက်တရားကို ရင်ဆိုင် တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါ....

၇) ကမ္ဘာပေါ်မှာ အကြီးမားဆုံး စွမ်းအားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်လှပမှုပါပဲ...

၈) တစ်ခုခုကို စလုပ်မိပြီဆိုတာနဲ့ ရှုံးနိမ့်မှာကိုမကြောက်နဲ့... ဘယ်တော့မှလည်း လက်မလျှော့နဲ့... ယုံကြည်ရိုးသား ရဲဝံ့စွာလုပ်တဲ့ သူတွေကသာ အပျော်ရွှင်ဆုံး လူတွေဖြစ်တယ်...

၉) ပန်းတွေရဲ့ မွှေးရနံ့ဆိုတာ လေသင့်ရာအတိုင်းသာ သင်းပျံ့ကြရတာဖြစ်တယ်... လူတစ်ယောက်ရဲ့ ကောင်းသတင်းကတော့ အရပ်မျက်နှာ တခွင်လုံးကို ပျံ့နှံ့စေတယ်....

၁၀) ဘုရားသခင်ဆိုတာ ရုပ်ပုံလွှာတစ်ခုအနေနဲ့ တည်ရှိနေတာမဟုတ်ပါဘူး... သင့်ခံစားချက်က သင့်ရဲ့ဘုရားသခင်ပဲ... သင့်စိတ်ဝိညဉ်က သင့်ဘုရားကျောင်းပဲ....

၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းနဲ့အတူ ကြီးမြတ်လာတာမဟုတ်ဘူး... လုပ်ကိုင်ဆောင်ရွက်မှုနဲ့အတူ ကြီးမြတ်လာတာ...

၁၂) သင့်ထက်သာတဲ့ အခြေအနေကလူတွေ ဒါမှမဟုတ် သင့်ထက်နိမ့်ကျတဲ့ အခြေအနေကလူတွေကို ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့... ဒီလိုမိတ်ဆွေမျိုးတွေနဲ့ ဆက်ဆံရတာဟာ သင့်ကိုဘယ်တော့မှ ပျော်ရွှင်စေမှာ မဟုတ်ဘူး...

၁၃) သင့်ကလေးကို ပထမငါးနှစ်အတွင်း သိမ်မွေ့ကြင်နာစွာ ပြုမူဆက်ဆံပါ... ဒုတိယငါးနှစ်အတွင်း ပြောဆို ရိုက်နှက်ဆုံးမပါ... အသက် ၁၆ နှစ်ရောက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ... အရွယ်ရောက်ပြီးတဲ့ သင့်ကလေးတွေဟာ သင့်အတွက် အကောင်းဆုံး မိတ်ဆွေတွေပါပဲ...

၁၄) မျက်မမြင်တစ်ယောက်အတွက် ကြေးမုံတစ်ချပ်က အသုံးမဝင်သလို နုံချာမိုက်မဲသူတစ်ဦးအတွက် စာအုပ်စာပေတွေကလည်း အသုံး မဝင်ပါဘူး...

၁၅) ပညာရေးဟာ အကောင်းဆုံးမိတ်ဆွေပါ... ပညာတတ်တဲ့သူတစ်ယောက်ဟာ နေရာတိုင်းမှာ ရိုသေလေးစားမှုကို ခံယူထိုက်ပါတယ်... ပညာဟာ အလှတရားနဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အနိုင်ယူနိုင်ပါတယ်...
----------------------------------------------------------------
Source: General knowledge

5 Comments.
soe thu Said... 2014-01-05
ွှ့Thank you and i will copy it.

ုခိုင်ရွှေမောင် Said... 2013-11-12
ကျေးဇူးတင်ပါတယ် ခင်ဗျာ........ကူခွင့်ပြုပါ

Yan Naung Moe Said... 2013-11-08
တကယ် မှတ်သားထိုက်ပါတယ်။ ကူးယူချင်ပါတယ် ခွင့်ပြုပါခင်ဗျာ

Kyaw Lin Said... 2013-09-28
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၃၀၀ လောက်က တွေးခေါ်ပညာရှင်ကြီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေဟာ ဒီနေ့ခေတ်အထိ မှန်ကန်နေပါတယ်။အသုံးဝင်နေပါတယ်။ရိုင်းစိုင်း ရက်စက်တဲ့ ခေတ်တွေ မဖြတ်သန်းရသေးခင်ကတည်းက ဒီလိုပညာရှင်တွေရှိနေပါလားဆိုတာသိရလို့အံ့လဲ အံ့သြမိပါတယ်။

Kan Thein Said... 2013-05-13
အလွန်ကောင်း အလွန်မှန်ပါသည်။ သို့ပါသော်လည်း စာဏကျနီတိကြောင့်၎င်း၊ လောကနီတိကျမ်းကြောင့်၎င်း မြန်မာပြည်သူများ ဒုက္ခရောက်ရသည်ဟု ဝေဖန်ပြီးစာအုပ်ထုတ်ခဲ့သော မိမိကိုယ်ကိုမိမိ မဟာပညာရှိကြီးလုပ်ခဲ့သော "ကျောင်းသားခေါင်းဆောင်" ဆိုသူတစ်ဦး ပေါ်ခဲ့ဖူးပါသည်။

Tell us what do you think
Comment is required
Name is required
Website / blog

Powered by Bullraider.com
< Prev Next >
Share Share Share Share More
62

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238











ပညာတော်သင်ဆု
အယ်ဒီတာ့အာဘော်
♦ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အရေး နှစ်ခုရှိနေဟု MSI ဆို
♦ စင်ကာပူမှာ အေဘီအီးလယ်ဗယ်ဖိုး ဒီပလိုမာ တက်ရောက်နိုင်
♦ အီဒင်ဘာ့ခ်ျနာပီရာတက္ကသိုလ်က မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုချီးမြှင့်မည်
♦ သြစတြေးလျား အမျိုးသားတက္ကသိုလ်မှာ ပြည်တွင်း၊ ပြည်ပရွေးချယ်မှုများတဲ့ အင်ဂျင်နီယာဘာသာရပ်
♦ နယူးဇီလန်-အာဆီယံ ပညာသင်ဆု အစီအစဉ်
ပြည်နယ်များအလိုက် ကိုယ်ပိုင် ကျောင်းဝတ်စုံ ယူနီဖေါင်း ရွေးချယ်ခွင့် ရှိသင့်ပါသလား။
ရှိသင့်ပါသည် - 100%
မရှိသင့်ပါ - 0%

Total votes: 2
The voting for this poll has ended on: 26 Aug 2013 - 12:26
View details
read the related article >>

Free online English dictionary from Oxford

ကဗျာ
သိ​န်း ၂​၁​၀​၀ တန်ထ​မ​င်း​ဝို​င်း
တံ​ခွန်အ​လှ ဖန်ဆ​င်ြး​ပ​သူ (နွယ်သာ​ကီ​သံြ​ဖ​တ်)
ကန်တော့ပန်း
လက်ဦးဆရာ
အျ​ဖဴ​ေ​ရာင္သေ​ကၤ​တမ်ား
နည်းပညာ
ကွန်ပျူတာဆာဗာဆိုသည်မှာ
အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့
Youtube Video များကို Downloader မလိုပဲ ကွန်ပျူတာမှ Download လုပ်နည်း
တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး
အွန်လိုင်းပေါ်မှ MBA အခမဲ့ တက်ခွင့်ရမည့် တက္ကသိုလ်
ပညာရပ်စာတမ်းများ
ဖက်ဒရယ်ပညာရေး (အပိုင်း ၅)
ဖက်ဒရယ်ပညာရေး (အပိုင်း ၄)
ဖက်ဒရယ်ပညာရေး (အပိုင်း ၃) - သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်
ဖက်ဒရယ်ပညာရေး
ဖက်ဒရယ်ပညာရေး အပိုင်း (၁ - ၂)
ပညာရေးအတွေးအခေါ်
အချောင်စိတ်၊ ပညာရေးနှင့် ဒီမိုကရေစီ နိုင်ငံရေး
ပညာရှင်စိတ်ဓာတ်ရှိသူ
Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု
သင်ကြားရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေး
ကမ္ဘာ့မူလတန်းလွန် ပညာရေးအခြေအနေ (၁)
Copyright © 2012 Maukkha Education Magazine. All Rights Reserved ပညာဖြင့် လွတ်မြောက်မှု

Designed By Maukkha