Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု
Details
Category: ပညာရေးအတွေးအခေါ်
Published on Monday, 13 May 2013 03:11
Written by နှိုင်းရင့်နွေ
(မြန်မာ့ယဉ်ကျေးမှုမှာ အမြစ်သဖွယ် တွယ်နေပြီး ရှေးဦးလေ့လာရေး စာပေတစ်ခုအနေနဲ့လည်း ထင်ရှားတဲ့ လောကနီတိ၊ စဏကျနီတိ ကျမ်းတွေကို အဓိက ပြုစုရေးသားတင်ပြခဲ့တဲ့ သူကတော့ မျက်မှောက်ခေတ်မှာ အငြင်းပွားဖွယ်ရာ ရှေးဟောင်းဒဿန ပညာရှင် စဏကျ Chanakya (Kautilya) 'Visunu Gupta ဖြစ်ပါတယ်။ လောကနီတိမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ ယောက်ျားကောင်းတို့ရဲ့ သဘောသဘာဝ၊ ပညာရဲ့ သဘောသဘာဝ၊ ပညာရှိတို့ရဲ့ အကျင့်အကြံ၊ တင်ပြပုံတွေမှာ ၂၁ ရာစုခေတ်ကာလနဲ့ မကိုက်ညီမှုတွေ ရှိနေတယ်၊ အလွန်အမင်း ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်ယူဆချက်တွေလည်း ရှိနေပါတယ်။ သို့ပေတဲ့ မြန်မာ့ ပညာရေးအယူအဆနဲ့ ယဉ်ကျေးမှု အပေါ် များစွာ လွှမ်းမိုးမှု ရှိခဲ့တဲ့၊ ရှိနေဆဲ ပညာရှင်တစ်ပါးရဲ့ အဓိက အယူအဆ အချို့ကို ဒဿလေ့လာမှုအနေနဲ့ တင်ဆက်လိုက် ပါတယ်။ မောက္ခ ပရိသတ်များအနေနဲ့ ဝေဖန်ကြဖို့နဲ့ ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ လေးစားမှုနဲ့ ... မောက္ခပညာရေး မဂ္ဂဇင်း)
Chankya (စဏကျ) ဆိုတာ ဘီစီ 370 မှာမွေးဖွားပြီး 283 မှာ သေဆုံးခဲ့တဲ့ အိန္ဒိယ အတွေးအခေါ်ပညာရှင်၊ ကျောင်းဆရာနဲ့ တော်ဝင်အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်.... (ဗုဒ္ဒပွင့်တော်မူပြီး နှစ်ပေါင်း ၂၀၀ ခန့်မှာ မွေးဖွားခဲ့သူပါ။)
သူဟာ တက္ကသီလာ တက္ကသိုလ် (Takshashila University) မှာ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်များဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါတယ်...
အခုဖော်ပြပေးမှာကတော့ Chankya သင်ကြားပို့ချခဲ့တဲ့ အတွေးအခေါ်အယူအဆတွေထဲက မှတ်သားဖွယ်အချက်တွေဖြစ်ပါတယ်...
၁) တခြားသူရဲ့အမှားတွေကနေ လေ့လာသင်ယူပါ... သင့်အနေနဲ့ အဲ့ဒီအမှားတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်လောက်တဲ့အချိန်အထိ အသက်ရှည်မှာမဟုတ်ဘူး....
၂) လူတစ်ယောက်ဟာ အလွန် မရိုးသားသင့်ဘူး... ဖြောင့်မတ်တဲ့ သစ်ပင်တွေဟာ ဦးဆုံး အခုတ်ခံရတယ်... ဒီလိုပဲ အရိုးသားဆုံး လူတွေကိုလည်း အရင်ဆုံး ရှင်းထုတ်ကြလိမ့်မယ်...
၃) အဆိပ်မရှိတဲ့ မြွေတစ်ကောင်တောင်မှ အဆိပ်ပြင်းသလို ဟန်ဆောင်နေသင့်တယ်...
၎) ဘယ်လိုမိတ်ဆွေ ဆက်ဆံရေးမျိုးမှာမဆို နောက်ကွယ်မှာတော့ ကိုယ့်အတွက် ကိုယ်ငဲ့တတ်တာချည်းပါပဲ... ကိုယ့်အတွက်မငဲ့တဲ့ မိတ်ဆွေသူငယ်ချင်း ဆက်ဆံမှုမျိုးဆိုတာ လုံးဝမရှိပါဘူး... ဒါဟာခါးသီးတဲ့ အမှန်တရားပါပဲ...
၅) အလုပ်တစ်ခုကို မစခင်မှာ သင့်ကိုယ်သင် မေးခွန်း သုံးခုအမြဲမေးပါ... ဘာကြောင့် ဒီအလုပ်ကိုငါလုပ်ရမှာလဲ.... အကျိုးရလဒ်ကဘာလဲ... အောင်မြင်နိုင်သလား.... သေသေချာချာ စဉ်းစားကြည့်ပြီး ဒီမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရတဲ့ အခါမျိုးမှသာ ဆက်လုပ်ပါ...
၆) အကြောက်တရားက အနားချဉ်းကပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအကြောက်တရားကို ရင်ဆိုင် တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါ....
၇) ကမ္ဘာပေါ်မှာ အကြီးမားဆုံး စွမ်းအားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်လှပမှုပါပဲ...
၈) တစ်ခုခုကို စလုပ်မိပြီဆိုတာနဲ့ ရှုံးနိမ့်မှာကိုမကြောက်နဲ့... ဘယ်တော့မှလည်း လက်မလျှော့နဲ့... ယုံကြည်ရိုးသား ရဲဝံ့စွာလုပ်တဲ့ သူတွေကသာ အပျော်ရွှင်ဆုံး လူတွေဖြစ်တယ်...
၉) ပန်းတွေရဲ့ မွှေးရနံ့ဆိုတာ လေသင့်ရာအတိုင်းသာ သင်းပျံ့ကြရတာဖြစ်တယ်... လူတစ်ယောက်ရဲ့ ကောင်းသတင်းကတော့ အရပ်မျက်နှာ တခွင်လုံးကို ပျံ့နှံ့စေတယ်....
၁၀) ဘုရားသခင်ဆိုတာ ရုပ်ပုံလွှာတစ်ခုအနေနဲ့ တည်ရှိနေတာမဟုတ်ပါဘူး... သင့်ခံစားချက်က သင့်ရဲ့ဘုရားသခင်ပဲ... သင့်စိတ်ဝိညဉ်က သင့်ဘုရားကျောင်းပဲ....
၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းနဲ့အတူ ကြီးမြတ်လာတာမဟုတ်ဘူး... လုပ်ကိုင်ဆောင်ရွက်မှုနဲ့အတူ ကြီးမြတ်လာတာ...
၁၂) သင့်ထက်သာတဲ့ အခြေအနေကလူတွေ ဒါမှမဟုတ် သင့်ထက်နိမ့်ကျတဲ့ အခြေအနေကလူတွေကို ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့... ဒီလိုမိတ်ဆွေမျိုးတွေနဲ့ ဆက်ဆံရတာဟာ သင့်ကိုဘယ်တော့မှ ပျော်ရွှင်စေမှာ မဟုတ်ဘူး...
၁၃) သင့်ကလေးကို ပထမငါးနှစ်အတွင်း သိမ်မွေ့ကြင်နာစွာ ပြုမူဆက်ဆံပါ... ဒုတိယငါးနှစ်အတွင်း ပြောဆို ရိုက်နှက်ဆုံးမပါ... အသက် ၁၆ နှစ်ရောက်တဲ့အခါ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ... အရွယ်ရောက်ပြီးတဲ့ သင့်ကလေးတွေဟာ သင့်အတွက် အကောင်းဆုံး မိတ်ဆွေတွေပါပဲ...
၁၄) မျက်မမြင်တစ်ယောက်အတွက် ကြေးမုံတစ်ချပ်က အသုံးမဝင်သလို နုံချာမိုက်မဲသူတစ်ဦးအတွက် စာအုပ်စာပေတွေကလည်း အသုံး မဝင်ပါဘူး...
၁၅) ပညာရေးဟာ အကောင်းဆုံးမိတ်ဆွေပါ... ပညာတတ်တဲ့သူတစ်ယောက်ဟာ နေရာတိုင်းမှာ ရိုသေလေးစားမှုကို ခံယူထိုက်ပါတယ်... ပညာဟာ အလှတရားနဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အနိုင်ယူနိုင်ပါတယ်...
----------------------------------------------------------------
Source: General knowledge
5 Comments.
soe thu Said... 2014-01-05
ွှ့Thank you and i will copy it.
ုခိုင်ရွှေမောင် Said... 2013-11-12
ကျေးဇူးတင်ပါတယ် ခင်ဗျာ........ကူခွင့်ပြုပါ
Yan Naung Moe Said... 2013-11-08
တကယ် မှတ်သားထိုက်ပါတယ်။ ကူးယူချင်ပါတယ် ခွင့်ပြုပါခင်ဗျာ
Kyaw Lin Said... 2013-09-28
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၃၀၀ လောက်က တွေးခေါ်ပညာရှင်ကြီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေဟာ ဒီနေ့ခေတ်အထိ မှန်ကန်နေပါတယ်။အသုံးဝင်နေပါတယ်။ရိုင်းစိုင်း ရက်စက်တဲ့ ခေတ်တွေ မဖြတ်သန်းရသေးခင်ကတည်းက ဒီလိုပညာရှင်တွေရှိနေပါလားဆိုတာသိရလို့အံ့လဲ အံ့သြမိပါတယ်။
Kan Thein Said... 2013-05-13
အလွန်ကောင်း အလွန်မှန်ပါသည်။ သို့ပါသော်လည်း စာဏကျနီတိကြောင့်၎င်း၊ လောကနီတိကျမ်းကြောင့်၎င်း မြန်မာပြည်သူများ ဒုက္ခရောက်ရသည်ဟု ဝေဖန်ပြီးစာအုပ်ထုတ်ခဲ့သော မိမိကိုယ်ကိုမိမိ မဟာပညာရှိကြီးလုပ်ခဲ့သော "ကျောင်းသားခေါင်းဆောင်" ဆိုသူတစ်ဦး ပေါ်ခဲ့ဖူးပါသည်။
Tell us what do you think
Comment is required
Name is required
Website / blog
Powered by Bullraider.com
< Prev Next >
Share Share Share Share More
62
Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238
ပညာတော်သင်ဆု
အယ်ဒီတာ့အာဘော်
♦ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အရေး နှစ်ခုရှိနေဟု MSI ဆို
♦ စင်ကာပူမှာ အေဘီအီးလယ်ဗယ်ဖိုး ဒီပလိုမာ တက်ရောက်နိုင်
♦ အီဒင်ဘာ့ခ်ျနာပီရာတက္ကသိုလ်က မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုချီးမြှင့်မည်
♦ သြစတြေးလျား အမျိုးသားတက္ကသိုလ်မှာ ပြည်တွင်း၊ ပြည်ပရွေးချယ်မှုများတဲ့ အင်ဂျင်နီယာဘာသာရပ်
♦ နယူးဇီလန်-အာဆီယံ ပညာသင်ဆု အစီအစဉ်
ပြည်နယ်များအလိုက် ကိုယ်ပိုင် ကျောင်းဝတ်စုံ ယူနီဖေါင်း ရွေးချယ်ခွင့် ရှိသင့်ပါသလား။
ရှိသင့်ပါသည် - 100%
မရှိသင့်ပါ - 0%
Total votes: 2
The voting for this poll has ended on: 26 Aug 2013 - 12:26
View details
read the related article >>
Free online English dictionary from Oxford
ကဗျာ
သိန်း ၂၁၀၀ တန်ထမင်းဝိုင်း
တံခွန်အလှ ဖန်ဆင်းပြသူ (နွယ်သာကီသံဖြတ်)
ကန်တော့ပန်း
လက်ဦးဆရာ
အဖြူရောင်သင်္ကေတများ
နည်းပညာ
ကွန်ပျူတာဆာဗာဆိုသည်မှာ
အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့
Youtube Video များကို Downloader မလိုပဲ ကွန်ပျူတာမှ Download လုပ်နည်း
တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး
အွန်လိုင်းပေါ်မှ MBA အခမဲ့ တက်ခွင့်ရမည့် တက္ကသိုလ်
ပညာရပ်စာတမ်းများ
ဖက်ဒရယ်ပညာရေး (အပိုင်း ၅)
ဖက်ဒရယ်ပညာရေး (အပိုင်း ၄)
ဖက်ဒရယ်ပညာရေး (အပိုင်း ၃) - သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်
ဖက်ဒရယ်ပညာရေး
ဖက်ဒရယ်ပညာရေး အပိုင်း (၁ - ၂)
ပညာရေးအတွေးအခေါ်
အချောင်စိတ်၊ ပညာရေးနှင့် ဒီမိုကရေစီ နိုင်ငံရေး
ပညာရှင်စိတ်ဓာတ်ရှိသူ
Chanakya စဏကျ၏ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု
သင်ကြားရေးလုပ်ငန်းများ ထိရောက်အောင်မြင်ရေး
ကမ္ဘာ့မူလတန်းလွန် ပညာရေးအခြေအနေ (၁)
Copyright © 2012 Maukkha Education Magazine. All Rights Reserved ပညာဖြင့် လွတ်မြောက်မှု
Designed By Maukkha
No comments:
Post a Comment