Friday, November 29, 2013

ယနေ့ ပွဲစဉ်ဇယား

day live! minor yesterday tomorrow forum links
 
order by leagues - kick off  
France - Ligue 1
20:30 Marseille -:- Montpellier
Germany - 1. Bundesliga
20:30 Wolfsburg -:- Hamburger SV
Netherlands - Eredivisie
20:00 Roda JC Kerkrade -:- FC Twente
Portugal - Liga ZON Sagres
21:15 Braga -:- Olhanense
Spain - LIGA BBVA
20:00 Getafe -:- Levante
20:30 Villarreal -:- Malaga
Argentina - Primera Torneo Inicial
22:10 Godoy Cruz Mza. -:- Olimpo
Australia - Hyundai A-League
09:30 Central Coast Mariners -:- Melbourne Victory
Croatia - 1. Division
18:00 Osijek -:- Dragovoljac
Czech Republic - Gambrinus League
18:00 Jihlava -:- Slovacko
20:00 Teplice -:- Znojmo
Denmark - Superligaen
18:30 FC Vestsjælland -:- FC Midtjylland
England - Championship
20:45 Nottingham Forest -:- Reading
Germany - 2. Bundesliga
18:30 Fortuna Dusseldorf -:- Karlsruhe
18:30 Union Berlin -:- Aalen
18:30 St. Pauli -:- FC Cologne
Hungary - OTP BANK Liga
19:00 Budapest Honved -:- Kecskemeti TE
Italy - Serie B
20:30 Empoli -:- Brescia
Netherlands - Jupiler League
20:00 De Graafschap -:- FC Emmen
20:00 Excelsior -:- Fort.Sittard
20:00 FC Oss -:- Willem II
20:00 Helmond Sport -:- MVV Maastricht
20:00 Telstar -:- FC Den Bosch
N. Ireland - Premiership
20:45 Glenavon -:- Dungannon Swifts
Poland - Ekstraklasa
18:00 Pogon Szczecin -:- Zawisza Bydgoszcz
20:30 Wisla Krakow -:- Slask Wroclaw
Romania - Liga I
18:00 Universitatea Cluj -:- FC Brasov
19:30 ACS Poli Timisoara -:- Astra Giurgiu
Scotland - William Hill Scottish Cup
20:45 Dundee United -:- Kilmarnock
Slovakia - Corgon Liga
17:30 Nitra -:- D.Streda
Turkey - Spor Toto Süper Lig
19:00 Sivasspor -:- MP Antalyaspor
19:00 Elazigspor -:- Bursaspor
Ukraine - Premier League
18:00 Met. Donetsk -:- Vorskla
Belgium - Second Division
20:30 Mouscron-Peruwelz -:- Roeselare
Brazil - Serie B
22:30 ASA -:- Sao Caetano
22:30 America MG -:- ABC
International - Copa Sudamericana
01:20 FT Lanus 2:1 Libertad
France - Ligue 2
20:00 Troyes -:- Tours
20:00 Niort -:- Laval
20:00 Nimes -:- Dijon
20:00 Le Havre -:- Creteil
20:00 Clermont Foot -:- Brest
20:00 Chateauroux -:- Istres
20:00 Caen -:- Angers
20:00 Arles-Avignon -:- CA Bastia
Wales - Premier Division
20:30 Airbus UK Broughton -:- Bala Town
Algeria - Ligue 1
16:45 ES Setif -:- MC El Eulma
Argentina - Primera B Metropolitana
21:00 Los Andes -:- Club Atlético Estudiantes
Austria - ADEG Erste Liga
18:30 SV Horn -:- Vienna FC
18:30 Austria Lustenau -:- Mattersburg
18:30 Parndorf -:- Hartberg
18:30 Kapfenberg -:- SKN St. Polten
20:30 FC Liefering -:- Altach
Azerbaijan - Premier League
16:00 Ravan Baku -:- FK Qabala
Bolivia - Primera Division - Apertura
01:00 FT Aurora 4:1 Universitario
International - CECAFA Senior Challenge Cup grp. C
12:00 Sudan -:- Eritrea
14:00 Uganda -:- Rwanda
Chile - Primera Division Apertura
22:30 Huachipato -:- U.La Calera
Colombia - Liga Postobón Playoff Clausura grp. A
01:45 FT Santa Fe 0:2 Atletico Nacional
France - National
19:00 Orléans -:- Vannes
20:00 Bourg-Peronnas -:- Strasbourg
20:00 US Colomiers -:- Red Star
20:00 Amiens -:- Boulogne
20:00 Carquefou -:- Lucon
20:00 Colmar -:- Paris FC
20:00 Le Poire Sur Vie -:- Frejus Saint Raphael
20:00 Dunkerque -:- ES Uzes Pont du Gard
20:30 GFCO Ajaccio -:- Luzenac
Germany - Regionalliga Bayern
19:00 B.Munchen II -:- Greuther Furth II
Germany - Regionalliga Northeast
19:00 Babelsberg -:- ZFC Meuselwitz
Germany - Regionalliga Southwest
19:00 SC Pfullendorf -:- Freiburg II
Germany - Regionalliga West
19:00 Sportfreunde Lotte -:- Borussia Monchengladbach II
19:00 Lippstadt -:- Viktoria Koln 1904
19:30 Essen -:- Bochum II
19:30 FC Koln II -:- Siegen
Guatemala - Liga Nacional Apertura Final Stage
03:00 FT Deportivo Marquense 3:0 Universidad SC
Iran - Pro League
12:30 Teraktor Sazi -:- Persepolis
12:30 Foolad Khuzestan -:- Sepahan
12:30 Malavan -:- Saba Qom
12:30 Naft Tehran -:- Fajr Sepasi
12:30 Saipa -:- Damash
12:30 Mes Kerman -:- Rah Ahan
15:00 Esteghlal -:- Gostaresh Foolad FC
Israel - Leumit League
14:00 Hapoel Rishon Lezion -:- Hapoel Ashkelon
14:00 Bnei Lod -:- Hapoel Katamon Jerusalem
14:00 Beitar Tel Aviv Ramla -:- Hapoel Natzrat-Elite
14:00 Maccabi Ahi Nazrat -:- Hapoel Petach Tikva
14:30 Hakoach Amidar Ramat Gan -:- Hapoel Ramat Gan
Moldova - National Division
12:00 Dinamo-Auto -:- Zimbru
12:00 FC Academia Chisinau -:- FC Olimpia
12:00 Speranta -:- FC Veris
12:00 FC Milsami Orhei -:- FC Rapid Ghidighici
16:00 Tiraspol -:- Costuleni
Morocco - Botola Pro
20:00 Wydad Casablanca -:- RSB Berkane
Peru - Primera División 2nd stage Grp. B
21:30 Universidad San Martin -:- Cienciano

Click o

ဘောလုံး အဖြေကြည့်ရန်

http://www.livescore.cz/links/links.php
ဒီနေရာကိုနှိပ်ပါ။

စိတ်ဝင်စားစရာများနှင့် နည်းပညာ

https://sites.google.com/site/ashinvisuta11/43

HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ (နောက်ဆက်တွဲ)

Child sexual abuse ကလေးသူငယ် လိင်စော်ကားမှုကိုဖတ်ပြီး ဒီစာရေးရခြင်းဖြစ်ပါသည်ရှင့်။ ယခု မြန်မာနိုင်ငံတွင်လည်း သက်ငယ်မုဒိမ်းမှုများ အလွန်ဖြစ်ပွားနေသည်ကို စာစောင်ဂျာနယ်များမှာ မကြာမခဏဖတ်နေရပါသည်။ ယခင်ကတော့ ကျွန်မတို့မှာ ကြားပင်မကြားဖူးပါ။ အမှန်အတိုင်း ဝန်ခံရပါလျှင် ကျွန်မတို့ငယ်ငယ်ကတည်းက မိဘများက Sex Education ကို မပေးခဲ့ဖူးပါ။ ကျွန်မ ဆရာ့ရဲ့ Sex Education ဆိုတဲ့ ဆောင်းပါးလည်း ဖတ်ပြီးပါပြီရှင့်။ သို့သော်လည်း မိဘများအနေဖြင့် သမီးငယ်များအတွက် မည်သည့်အသက်အရွယ်ကစတင်ပြီး လိင်ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ပညာပေးနိုင်မလဲဆိုတာကို ဆောင်းပါးလေး ရေးပေးစေချင်ပါတယ်ရှင့်။ဒီအကြောင်းအရာကို မပြောဘဲ-မရေးဘဲနေတာကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့မေးခွန်းမှာ အပေါင်းနဲ့ အနုတ် နှစ်မျိုးလုံးရှိတယ်။ ကျန်းမာရေးပညာပေးရေးတာကို ဖတ်ချင်သူကဖတ်၊ ယူချင်သူကယူ ကိုယ့်ဖါသာဆုံးဖြတ်ခွင့် ရှိတယ်။ လူအများနဲ့ဆိုင်တဲ့ ဥပမာ တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ ဆိုရှယ်မီဒီယာတွေမှာ ထည့်ရင်တော့ အကန့်အသတ်တွေ ရှိလာပြီ။ ကျောင်းတွေမှာ သင်-မသင်ဆိုတာကြ ဥပဒေနဲ့လုပ်မှရတယ်။ ဒါလဲဘဲ နေရာတခုနဲ့တခု၊ လူမှုအသိုင်းအဝိုင်း တခုနဲ့တခု မတူဘူး။ လွန်ခဲ့တဲ့ နှစ်တွေနေ ခုခေတ်မှာ ပြောင်းလာရတာလဲရှိတယ်။သင်ပေးသင့်တယ်ဆိုရင် ဘာတွေပါသင့်သလဲ။ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊ စိတ်ဝင်စားသူတွေကြားမှာ မတူကြတာတွေ ရှိပြန်တယ်။ အသစ်တခုကိုစရင် အခြေခံအကျဆုံးကနေ စလေ့ရှိတယ်။ ဒါလဲ အငြင်းပွါးမှု အနည်းဆုံးသာ ဖြစ်ပြီး ကန့်ကွက်-ဆဲရေးတာ မခံရဘူးလို့ အာမခံချက်မရှိပါ။ ကျွန်တော်က စပါရစေ့။စာသင်ကျောင်းတွေမှာဆိုရင် ၈ နှစ်အရွယ်ကနေစတာများတယ်။ ဒီအရွယ်လေးတွေကို သင်ပေးရမဲ့ အကန့်အသတ် ကြီးတယ်။ မေးလာရင် လိမ်မာပါးနပ်အောင်ဖြေနိုင်ဘို့ပြင်ထားရမယ်။ မိဘတွေကို မေးထားပြီး မေးခွန်းလေးတွေလဲ မရှင်းတာကို ကျောင်းမှာမေးနိုင်တယ်။ သင်ကြားပေးသူရဲ့ တာဝန်၊ စေတနာနဲ့ ပညာအပြင် သင်ကြားမှု အနုပညာလိုမယ်။၁။ ယောက်ျားလေးနဲ့ မိန်းကလေး မတူတဲ့အကြောင်း။ မတူတာတွေထဲမှာ မွေးရာပါ မျိုးပွါးအင်္ဂါတွေရှိကြောင်း။ ငယ်သေးလို့ မဖွံ့ထွားသေးတဲ့အကြောင်း။ ပြောင်းလဲလာတာတွေဟာ ပုံမှန်သာဖြစ်တဲ့အကြောင်း။ စိုးရိမ်မှု မရှိသင့်ကြောင်း။၂။ အရွယ်ရောက်ခြင်းဆိုတာဘာလဲ။ တယောက်နဲ့တယောက် နဲနဲမတူတာရှိကြောင်း။ ဥပမာ မိန်းကလေးတွေက စောတယ်။ ဝသူတွေက စောတယ်။ အားကစားမလုပ်သူတွေက စောတယ်။ စောတိုင်းလဲ မကောင်းကြောင်း။ ကိုယ့်မှာ စောနေလို့လဲ မစိုးရိမ်သင့်ကြောင်း။ မျိုးရိုးလဲရှိကြောင်း။၃။ ယောက်ျားလေးတွေမှာ အခြေခံအပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ တနှစ်မှာ အရပ် ၄ လက္မပိုရှည်လာမယ်။ အသံသြလာမယ်။ နှုပ်ခမ်းမွေးပေါက်လာမယ်။ ဝက်ခြံပေါက်မယ်။၎။ မိန်းကလေးတွေ အခြေခံအပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ ယောက်ျားလေးတွေက အရပ်ပိုရှည်တာထက် မိန်းကလေးတွေက တင်နေရာကားလာတာ ပိုသိသာတယ်။ ရင်သားထွက်-ထွားလာမယ်။ အမြဲတစေ ဖုံးအုပ်ထားရမယ်။ အထိမခံသင့်ကြောင်း။ ဝက်ခြံပေါက်မယ်။ မကြာခင် ရာသီသွေးဆိုတာဆင်းမယ်။ အောက်ပိုင်းအတွင်းခံမှာ သွေးလို စွန်းထင်းတာရှိရင် အမေ၊ အမ၊ ဆရာမကို ပြောသင့်ကြောင်း။၅။ စိတ်ပိုင်းအပြောင်းအလဲတွေဖြစ်မယ်။ ဟော်မုန်းအသစ်တွေထွက်လို့ဖြစ်တယ်။ ပုံမှန်ဖြစ်တယ်။ စိုးရိမ်ဘို့မလိုကြောင်း။ ပြောင်းလာတဲ့အတွက် နေရထိုင်ရ၊ ပြောဆိုရတာတွေကို ပြုပြင်ရမှာဖြစ်ကြောင်း။ စိတ်ရှုပ်ထွေးတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေ ရှိတတ်ကြောင်း။ ကလေးတိုင်းဖြစ်တာမို့ မစိုးရိမ်ဘဲ ထိန်းရမှာဖြစ်ကြောင်း။၆။ အနေအထိုင်၊ အမူအယာသင်ပေးပါ။ ဘယ်လိုဝတ်စားဆင်ယင်တာ၊ နေထိုင်တာ၊ ပြုမူပြောဆိုတာတွေဟာ အန္တရာယ်ရှိကြောင်း။ တိတိကျကျမေးလာရင် ကိုယ်ဝန်ရှိနိုင်ကြောင်း။ အပျိုဘဝ၊ လူပျိုဘဝဆုံးသွားနိုင်ကြောင်း။ တန်ဘိုးထားမှု ကျဆင်းသွားနိုင်ကြောင်း။ ဖြစ်သွား-ပျက်သွားတာတွေက ဘယ်တော့မှ ပြန်မရတော့ကြောင်း။ တချို့မှာ တသက်လုံး စိတ်ထိခိုက်ရကြောင်း။ ဆက်မေးလာရင် တားဆီးကာကွယ်နည်းတွေ ကျန်းမာရေးနဲ့ညီတာတွေရှိနေကြောင်း တယောက်ချင်းကနေ ဆရာဝန်ကို မေးနိုင်ကြောင်း။ အရွယ်ပြောင်းလာလို့ ယောက်ျားလေး၊ မိန်းကလေးတွေ ပြောဆိုဆက်ဆံတာ၊ အတူကစားတာတွေမှာ ပြောင်းရကြောင်း။ ဘယ်လိုပြောင်းမလဲ။အိန္ဒိယမှာ CBSE ပညာရေးစနစ်ထဲမှာ Sex education ကိုနောက်နှစ်မှာစတင်ပါမယ်။ သူငယ်တန်းကနေ ၁၂ တန်းအထိ သင်ပေးမယ်။ Adolescent education လို့ခေါ်မယ်။ Reproductive health မျိုးပွါး ကျန်းမာရေးနဲ့အတူ Drug abuse ဆေးဝါးတလွဲသုံးခြင်း၊ Homosexuality လိင်တူဆိုတာတွေလဲပါမယ်။ Adolescence and Reproductive Sexual Health Programme (ARSH) လို့ရုံးသုံးခေါင်းစဉ် တပ်ထားတယ်။ ဒီအကြောင်းအရာတွေကို ဘာသာရပ်တခုအနေနဲ့ သင်ပေးမှာ မဟုတ်ဘဲ Activity-based programmes လှုပ်ရှားမှု အစီအစဉ်တွေထဲမှာ ထည့်ပါမယ်။• Nutrition အာဟာရ၊• Health ကျန်းမာရေး၊• Hygiene သန့်ရှင်းရေး၊• Physical fitness ရုပ်ပိုင်းကျန်းမာရေး၊• Mental health စိတ်ကျန်းမာရေး၊• Sexual health လိင်ကျန်းမာရေးထဲမှာ HIV/AIDS လဲပါမယ်။• Sexual changes at puberty အရွယ်ရောက်ခြင်း အပြောင်းအလဲများ၊• Substance abuse မူးယစ်ဆေးဝါးများ၊• Myths မျိုးပွါးခြင်းဆိုတာမှာ တလွဲအထင်အမြင်အမှားတွေ၊• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ ထည့်သွင်းထားပါတယ်။အိန္ဒိယမှာ နိုင်ငံရေးစနစ်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံရှိတာမို့ ပြည်နယ်တခုနဲ့တခုမတူဘဲ ကျင့်သုံးခွင့်ရှိတယ်။ (မဟာရာစထရာ) ပြည်နယ်က အဲဒီ Adolescent Education Programme (AEP) အစီအစဉ်သစ်ကို လက်မခံပါ။ MLA ပြည်နယ် အမတ်တွေက ၁ဝ တန်းသင်ရိုးထဲ မှာထည့်မှာကို ဆန့်ကျင်နေကြပါတယ်။ ပြည်နယ်လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တွေက အစိုးရထုတ် Kishorawastha Jivan Kaushalya Karyakram ဆိုတဲ့ စာမျက်နှာ ၂ဝဝ ကျော်ပါ ဆရာလမ်းညွှန်စာအုပ်တွေကို ထောင်ပြပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။A resource for a planned and continuous Sex Education programme conforming to DfEE guidelines ဆိုတာက ဗြိတိန်နိုင်ငံသုံး လိင်ကျန်းမာရေးလက်စွဲအစာအုပ် ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေးအခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံသားတွေကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင်ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေဆီက အကြံဥာဏ်အကူအညီမလို ဘူးထင်ပါတယ်။ဒေါက်တာတင့်ဆွေSent from Samsung tablet

HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ (နောက်ဆက်တွဲ)

တကယ်တန်းဆိုရင် ကျမ HIV စတွေ့တဲ့ ၂၀၀၇ တုန်းကဆိုရင် ဒီ HIV ဆိုရင်ကို လူတွေက အလိုလို ရှောင်ဖယ် ပြီး ခွဲခြားဆက်ဆံခဲ့ကြတာ အရှိန်တောင် ရနေပါပြီ။ ကိုယ်တိုင်ခံစားရမှ ဒါဟာ သိသာ မြင်သာ ဖြစ်လာခဲ့ ပါတယ်။ သီရိမာက AIDS တဲ့၊ လေးလုံး ဖြစ်နေတာတဲ့၊ ကိုယ့်ရဲ့ တူတွေ၊ တူမနဲ့ ညီမ၊ အမေအမတွေကပါ အစားအသောက်ကလေး ကျွေးတာတောင် စားလိုက်ဦး၊ မစားဘဲ လုပ်မနေနဲ့လို့ ပါးစပ်ကသာ ကြားကောင်းအောင် ပြောကြတာ၊ ကျမနား ကြာကြာတောင် ရပ်မနေနိုင်ကြဘူး။ ကျမအမေက ကျမသားကို ကျမနား မသွားဖို့ ကူးလိမ့်မယ်တို့၊ ကျမညီမက သမီးကို နင့်အမေနား ခဏ ခဏမ သွားနဲ့၊ သူ့ရောဂါတွေသမီးကို ကူးလိမ့်မယ်နဲ့ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတယ်။ကျမ စိတ်မဆိုးပါဘူး။ အဲဒီလို ပြောတော့ ငါ့သား ငါ့သမီးကိုတော့ ချစ်ကြသားဘဲဆိုပြီး မျက်ရည်ဝိုင်းပြီး ကြည်နူးမိပါတယ်။ ကျမကိုယ်ကျမလဲ သေလူလို့ တွက်ထားပြီးသားကိုး။ အိပ်မရခဲ့တဲ့ ညပေါင်း မရေတွက်နိုင်ခဲ့ပါဘူး။ ညနေစောင်းလာရင် ကျမနား ဘယ်သူမှ မရှိဘူး။ အရမ်း အထီးကျန် ဆန်ခဲ့ရတယ်။ ကျမကလဲ အဲဒီတုန်းက ဘယ်လိုနေရင် ကိုယ်ခံအားပြန်တက်လာမယ်၊ အစားအသောက်ကို မျှအောင် စားရမယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးရမယ်၊ စိတ်ဓာတ်မကျရဘူး ဆိုတာကို နားလည်အောင် ရှင်းပြပေမဲ့လဲ မယုံရဲသေးဘူးလေ။ လက်တွေ့လဲ ကျမလုပ်မကြည့်ခဲ့ဘူး။ညဆိုရင် ကျမနားကို လာထိုင်ပြီး အားပေးရင်း စကားပြောတာဆိုလို့ “အောင်” တစ်ယောက်ပါ။ တစ် နေ့ သူမလာခဲ့ဘူး ။ မိုးတွေ အရမ်း ရွာလာတယ်။ ကျမ ငှက်ဖျား ဖျားပြီး တစ်ကိုယ်လုံး တုန်နေတာ။ ကျမနားမှာ ဘယ်သူမှ မရှိခဲ့ဘူး။ ခေါ်တော့လဲ မကြားကြဘူး။ ဒီအချိန်မှာ ၆ နှစ်ကျော်လေးဘဲ ရှိတဲ့ ကျမသမီးလေးက ကျမတဲလေးထဲ ထီးလေးနဲ့ ၀င်လာခဲ့တယ်။ “သမီး မေမေချမ်းလွန်းလို့ မီးမွှေးပေးဘို့ ပြောပေးပါ”လို့ ပြောတော့ သမီးလေးက ထန်းရွက်ဖတ်လေးတွေ လက်နဲ့စုပြီး မီးမွှေးတာ ကလေးဆိုတော့ မမွှေး နိုင်ရှာဘူး။ ကျမကလဲ နတ်ပူးသလို တုန်နေတာဆိုတော့ လူကြီးတွေကို လှမ်းခေါ်တာ သူ့အသံကို ဘယ်သူမှ မကြားဘူး။ မိုးသံလေသံ တွေနဲ့လေ။ တကယ်က အမေအမတွေနေတဲ့အိမ်နဲ့ကျမရဲ့တဲ လေးက ၀ါးတစ်ပြန်လောက်ဘဲ ဝေးတာပါ။ ကျမသမီးက သူခေါ်တာ ထူးမဲ့သူမရှိ၊ မအေကိုလဲ စိုးရိမ်ပုံရ တယ်။ မျက်ရည်တွေ ကျလာပြီး သူဆဲတတ်သလို အကုန်ဆဲပြီး “ငါ့အမေသေတော့မှာ မလာကြဘူးလား”ဆြိုပီး မိုးရေထဲထွက်၊ အသားကုန်အော်ငိုတော့မှ လူကြီးတွေ ရောက်လာပြီး မီးမွှေး၊ ရေနွေးတိုက်၊ဆေးတိုက်လုပ်ကြတာ။ကျမ အဖျားကျသွားတော့ သမီးရဲ့မျက်နှာလေးကို စိုက်ကြည့်ပြီး ၀မ်းနည်းဝမ်းသာဖြစ်သွားခဲ့မိတယ်။ အဲဒီညက တညလုံးစဉ်းစားပြီး တွေးနေခဲ့တယ်။ ငါ့သမီးလေး ငါ့ကို စိုးရိမ်နေပုံလေး အရမ်းသနားဘို့ ကောင်းတာဘဲ။ ငါ ဒီလို လုပ်နေလို့ မဖြစ်တော့ဘူး။ ငါ သေလို့ မဖြစ်သေးဘူးဆိုပြီး မနက်ကျ အစား တွေကို အတင်းဝင်အောင်စား၊ တကိုယ်ရေသန့်ရှင်းရေးကိုလဲထလုပ်၊ သနပ်ခါးတွေလိမ်း၊ ဆေး သောက်ချိန်ကိုလဲ အမြဲသတိနဲ့ ပြန်ဂရုစိုက် လိုက်တော့ ပြန်လည် ကျန်းမာ လာခဲ့တယ်။ ပြန်စဉ်းစားမိတာကတော့ ငါ့ဘ၀မှာ စိတ်ဓာတ်ကြံ့ခိုင်မှဖြစ်မယ်ဆိုတာရယ်၊ ဆရာတွေပြောသလို အာဟာရဖြစ်မဲ့ အသီးအနှံတွေ၊ ခွန်အားဖြစ်မဲ့ အသားငါးတွေ၊ အသားဓာတ်ပေးနိုင်တဲ့ အစာတွေကို စားရမယ် ဆိုတာရယ်၊ စားချိန်အိပ်ချိန်မှန်မှန်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပါ တကယ်လုပ်ကြည့်ခဲ့တယ်။ လုပ်ခဲ့လို့လဲ ကျမဟာ ပြန်လည်ကျန်းမာလာခဲ့တာပါ။HIV ကာကွယ်ရေး ကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေးဆိုတာတွေကို လူတိုင်းလက်လှမ်းမှီနိုင်ဖို့၊ သတင်း အချက်အလက် အားလုံးဟာ မရှိမဖြစ်ရသင့်တဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာကို နားလည် ခံစားတတ် ခဲ့ပါတယ်။ လိုအပ်တဲ့ ကုသပြုစုစောင့်ရှောက်ရေးတွေ ရဖို့ဆိုတာ သူမှရယ် ငါမှ ရယ် မဟုတ်ပါဘူး၊ လူတိုင်းရဲ့အခြေခံ လိုအပ်ချက်တစ်ခုဆိုတာ အားလုံးသိထားရမှာလို့လဲ အမြင်မှန် ရခဲ့ပါတယ်။ ဒါဟာ PLHA တွေ သိထားသင့်တဲ့ အရေးအကြီးဆုံးအချက်လဲ ဖြစ်ပါတယ်။ကျမရဲ့အမြင်သဘောထားတွေဟာ အဲဒီအချိန်ကစပြီး ပြောင်းလဲသွားလို့ ခုလက်ရှိ ဒီအခြေအနေထိ ဆက်လက် အသက်ရှင်နေနိုင်ခဲ့ရတာပါ။ ကျမဟာ ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲ သွားသလဲဆိုရင် ဟိုအရင်က အရမ်း စိတ်ဆတ်ပြီး အရာရာတိုင်း သည်းမခံတတ်၊ ဘယ်သူ့အပေါ်ကိုဘဲဖြစ်ဖြစ် ကိုယ်က သာရမှ၊ နိုင်ရမှဆိုတဲ့ မာနနဲ့ ကိုယ်ချင်းမစာနာတတ်ခဲ့ဘူး၊ ဘယ်သူ့ရဲ့စကားကိုမှလဲ ပြောတိုင်း မယုံတတ်၊ စိတ်ကြမ်းကိုယ်ကြမ်း ရက်စက် တတ်တဲ့ ကြောက်ဖို့ကောင်းတဲ့ မိန်းမစာရင်းထဲမှာ ကျမထိပ်ဆုံး က ဖြစ်မှာ။ ခုတော့ ဘ၀နဲ့ရင်းပြီး စာနာနားလည် တတ်ပြီဆိုတော့ ကျမကိုယ်ကျမ အရမ်းကြည်နူးမှု တွေ ရလာတယ်။HIV နဲ့ ပတ်သက်လို့ ရပ်ထဲရွာထဲကစ အပေါင်းအသင်းမိတ်ဆွေတွေကပါ သူတို့သိချင်တာလေး တွေကို အိမ်တိုင်ရာရောက် လာမေးတတ်ကြတယ်။ ယုံယုံကြည်ကြည်နဲ့လဲ အကူအညီတောင်းခံခဲ့ ဘူးသလို ARV ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလဲ စိတ်ဝင်တစား လာမေးကြပါတယ်။တချိန်က HIV နဲ့ အသက်ရှင်နေသူမို့ ကူးစက်ခံရမှာကြောက်လို့ ရှောင်ဖယ်သွားကြတာတွေ ကျမဘ၀ မှာ ပျောက်ကွယ်သလောက်ရှိပြီး သီရိမာဟာ ရွှေခြင်္သေ့က PLHA တစ်ယောက်ဆိုတာကို သိသော်လဲ လူရာသွင်းပြီး ယုံကြည်မှု အပြည့်နဲ့ သိချင်တာလေးတွေကို မေးမြန်းကြတဲ့အခါ ပြန်လည်ပြောပြပေး ခဲ့ရတဲ့ ကျန်းမာရေး ဗဟုသုတတွေကို စိတ်ဝင်တစားနားထောင်ပြီး တဖြည်းဖြည်း ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာတာကို တွေ့ရလို့ ကျမ ကြည်နူးမဆုံးပါဘူး။အဲဒီလို ယုံကြည်မှုတွေ မရခင်က ကျမဟာ ဘ၀တူငွေရှာနေတဲ့ မိန်းခလေးတွေကို ကျန်းမာရေးပညာ ပေးနဲ့ ဆေးသောက်ချိန် မှန်မမှန်ကအစ အချင်းချင်း သတိပေးတယ်။ သူတို့တွေ အဖမ်းခံ အချုပ်ကျတဲ့ အခါ တတ်နိုင် တဲ့ အကူအညီတွေပေးပြီး ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့သလို နာရေးကိစ္စနဲ့ အခြားလူမှုရေးတွေကိုပါ ကူညီ ပေးနိုင်လို့ ဘ၀တူမိန်းခလေးတွေရဲ့ အားကိုးယုံကြည်မှု ပိုရခဲ့ပါတယ်။ ရပ်ကွက်ထဲမှာလဲ အကူအညီလိုလာရင် သီရိမာဆီသွား၊ သူက ဒို့ထက် ပိုသိတယ်၊ နားလည်တယ်၊ သူ့အရင် မေးပြီးမှ လုပ်တာကောင်းတယ်လို့ပြောကြပြီး သူတို့ မိသားစု အတွင်းရေးတောင် လာရောက် တိုင်ပင်ကြပါတယ်။ဒီလို တိုင်ပင်ခံရတာကလဲ ကိုယ်ကိုယ်တိုင်က ဘယ်သူဖြင့် ကျန်းမာရေး မကောင်းဘူးလို့သိရင် ကိုယ် ကလဲ ဒီလူမမာရဲ့ ရာဇ၀င်ကို သိထားတယ်ဆိုရင် လူမမာကြည့်ရင်း လူမမာရဲ့ ပြင်ပလက္ခဏာနဲ့ လက်ရှိ ခံစားနေရတာ တွေကို သွယ်ဝိုက်မေးမြန်းပြီး - ဥပမာ မှက်ခရုလိုဟာမျိုးတွေ ရှိတယ်ဆိုရင် ငါ့မှာ ဆေးရှိတယ် ဆိုပြီး လိမ်းပေး လိုက်တယ်။ ပျောက်သွားတော့ သီရိမာ ဒီဆေးဗူး ဘယ်လောက်ပေးရလဲ မေးရင် ငါလဲ ရွှေခြင်္သေ့ကဆရာဝန် တွေ ညွှန်းလို့ လိမ်းတာ၊ သက်သာရင် ဒို့ဆရာနဲ့ လိုက်ပြကြည့်ဆိုပြီး ကိုယ်တိုင် လိုက်ပို့ပေးပါတယ်။ ဒါက သူ ကြိုက် မကြိုက်မသိ၊ ဒဲ့ကြီးလဲ မေးလို့မဖြစ်တဲ့ အခါမျိုးပေါ့။ တချို့က မပွင့်လင်းကြဘူးလေ။တစ်ယောက်ဆိုပါတော့။ ဓာတ်ဆားလေးတိုက်၊ အစာဝင်အောင်ကျွေး၊ အနာတွေ သန့်ရှင်းရေးလုပ်၊ ဆေးလိမ်း ပေးနဲ့ သက်သာလာတဲ့အချိန်မှာ သွေးစစ်ဖို့၊ ဆရာဝန်ပြဖို့ကျ သူတို့မှာ အရမ်းဝန်လေး နေတယ်။ ဒီလိုနဲ့ အဲဒီလူမမာဟာ ဆေးရုံတက်ရတယ်။ ဆေးရုံကိုလဲ လိုက်ပြီး တတ်နိုင်တာ လုပ်ပေး တယ်။ အောက်စီဂျင်ဘူး လိုတယ်ဆိုလို့ ရွှေခြင်္သေ့ကနေ ငှားပေးတယ်၊ ဆေးရုံဆင်းတော့လဲ အိမ်လိုက်ကြည့်တယ်။ မုန့်တွေ ၀ယ်ကျွေး၊ ရေချိုးပေးဘို့တွေ အားလုံးကူညီတယ်၊ သူတို့ ကျေးဇူးတင် ကြတယ်။ ဒါပေမဲ့ အဲဒီလူ ၁ လ လောက်နေတော့ ဆုံးသွားတယ်။ ကျမ စိတ်မကောင်းဘူး။ သူတို့ မိသားစုက ဒီရောဂါဆိုတာကို လုံးဝ သိသိကြီးနဲ့ လက်မခံကြဘူး။ ပွင့်လဲ မပွင့်လင်းကြဘူး။ စိတ်ခံစားမှုကို ကြိတ်ပြီး သူတို့ဘာသာဖြေရှင်းနေလို့ အသက်ဆုံးရှုးံခဲ့ရတယ်။အိမ်တိုင်ရာရောက်ပြုစုပေးနေတာဟာ သူများက ခိုင်းထားလို့ ငွေပေးထားလို့ မဟုတ်ပါဘူး။ ကိုယ်လို ဘ၀တူ များ ဖြစ်နေရင် ငါဖြစ်သလို မဖြစ်ခင် အချိန်မှီ လက်လှမ်းမှီရာ အချိပ်အဆက် လုပ်ပေးနိုင်ဘို့၊ ပြန်လည်ကျန်းမာ လာဘို့ စိတ်ရင်းအမှန်နဲ့ ကူညီခဲ့တာပါ။ ငါ့လိုဖြစ်ရင် ငါ့လို မခံစားရအောင်၊ ငါလုပ် ပေးရင် ငါကျမ်းမာသလို ငါငွေရှာနိုင်သလို သူတို့မိသားစုလေး ပြန်လည် စိတ်ချမ်းသာစေချင် တဲ့ရည် ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာဖြစ်လို့ နောင် ဒီလို မပွင့်လင်းသူတွေ ရှိခဲ့ရင် သီရိမာရဲ့ ရင်ထဲကလာတဲ့ စေတနာတွေကို အများကြီး နားမလည်ပေးချင် နေပါ၊ လူနာရဲ့အသက်နဲ့ မိသားစုရဲ့ကျန်းမာရေး လူမှု ရေး စီးပွားရေးတွေကိုတော့ သိထားပါလို့။ အခုဆိုရင် လားရှိုးမှာ ကိုယ်ခံအားစစ်ထားခဲ့တာ ၈၂၂ တဲ့။ လူကောင်းတွေနဲ့တန်းတူ ကျမမှာလဲ အားအင်တွေ ရှိလာပါပြီ။အခုကျမ အဖမ်းခံရတဲ့ ဥပဒေနဲ့မကင်းတဲ့ငွေကိုလဲ ရှာစရာမလိုတော့ဘူး။ ARV အတွက်လဲ ကျမကို လားရှိုးက ထောက်ပံ့ထားလို့ ဆေးဖိုးမကုန်တော့ဘူး။ ကျမကို တန်ဖိုးထားပြီး လက်ထပ်ယူ ပေါင်းသင်း တဲ့ အိမ်သားတောင် ရနေပါပြီ။ သူ့မိသားစု အသိုင်းအ၀ိုင်းကလဲ ကျမကို မပစ်ပယ်တဲ့အပြင် ရင်းရင်း နှီးနှီး ဆက်ဆံကြပါတယ်။ သူတို့သွေးသားအတွက် စိုးရိမ်မှုတော့ရှိတယ်။ ဖွင့်မေးကြတယ်လေ။ ကျမ ကလဲ အကာအကွယ်မဲ့ လိင် ဆက်ဆံမှုမပြုတဲ့အကြောင်း၊ အိမ်သားကို နားလည်အောင်ရှင်းပြပြီးသွေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သူ့မှာ HIV ကာလသားကအစ ဘာပိုးမှ မတွေ့တဲ့အကြောင်းပြောပြတော့မိသားစုတွေက ကျမကို ပိုပြီးတော့ ယုံကြည် လာပါတယ်။ကျမဟာ လူ့ပတ်ဝန်းကျင်မှာ အများသူငါလိုဘဲ လုပ်နိုင်ကိုင်နိုင် အိမ်သားနဲ့ သားသမီးတွေကိုလဲ ပြုစုနိုင် ပါပြီ။ ဒါဟာ ကျမဘ၀ရဲ့ ပြောင်းလဲဖြစ်တည်မှုပါ။ ကျမပြောချင်တာက HIV လဲ ကျန်းမာရေးမကောင်း သူ၊ ငှက်ဖျားလဲ ကျန်းမာရေး မကောင်းသလို၊ တီဘီ အခြားရောဂါတွေလဲ ကျန်းမာရေး မကောင်းလို့ ဖြစ်ကြတာပါ။ အနာရှိ ဆေးရှိတယ်၊ ရောဂါဖြစ်ရင် ဆရာဝန်ပြရမှာဆိုတာကိုလဲ အများသိအောင် ပြော ပြနိုင်မယ်ဆိုရင် လူတွေအရမ်း ကြောက်လန့်နေတဲ့ HIV /AIDS ဆိုတာ ချောင်းဆိုး ရင်ကျပ်ရောဂါ ဖြစ်သလိုဘဲ ကုသမှုခံယူမယ်ဆိုရင် ခုလက်ရှိ သီရိမာဆိုတဲ့ ကျမလိုဘဲ လူ့လောကကြီးထဲမှာ အများ နည်းတူ ဆက်လက် အသက် ရှင်နိုင်သေးတာကို ကမ္ဘာသိအောင် ကြေငြာလိုက်ချင်ပါတယ်။(ခက်ဆစ် - PLHA=People Living with HIV/AIDS )မိုးမခမြဝတီ - HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ (နောက်ဆက်တွဲ) Sent from Samsung tablet

ပုဂံ မတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁) ကမ္ဘာကြီး၏သက်ဦးကပ် အပိုင်းအခြားများ

အခြေနေ
သမိုင်းကိုစိတ်ဝင်စားသူတစ်ယောက်အနေနဲ့ သမိုင်းpost လေးတွေကိုပေါ့ပေါ့ပါးပါး တင်ပြနေခဲ့ပါတယ်။
.ခုတခါ " ပုဂံ မတိုင်မီ မြန်မာနိုင်ငံ " ကို အပိုင်းငါးပိုင်းခွဲပြီးအခန်းဆက်တင်ပေးလိုက်ပါတယ်။
(ဆိုက် ဘလော့ ဖြစ်လို့ တိုတို နဲ့လိုရင်းသာရေးသားပါမယ်၊ ကျမ်းကိုးများပါရှိမှာမဟုတ်ပါ။)

ပုဂံ မတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁)

ကမ္ဘာကြီး၏သက်ဦးကပ် အပိုင်းအခြားများ

လူသားများ၏သဘာဝလောကကြီး(ကမ္ဘာလောကကြီး) ဖြစ်တည်ပုံနှင့်ပတ်သက်၍
သဘာဝသိပ္ပံအမြင်အားဖြင့်သမိုင်းကြောင်းတစ်လျောက်ပိုင်းခြားထားသော
အာယုကပ်များအတွင်းဖြေးဖြေးခြင်းသာပြောင်းလဲခဲ့ကြသည်။
လွန်ခဲ့သောနှစ်ပေါင်းသန်း ၆၀၀ခန့်မှစတင်၍ဘူမိခေတ်တွင်သက်ဦးကပ်(Primary Era)စတင်သည်ဟု
ဘူမိပညာရှင်များကခန်မှန်းကြသည်။

ယင်းကပ်သည်နှစ်ပေါင်းသန်း၃၀၀ကျော်ကြာမြင့်ခဲ့ပြီး ယုဂ်အားဖြင့် ခြောက်ခုရှိသည်။
၁။ ပါမီယန်ယုဂ်(Permian Period) လွန်ခဲ့သောနှစ်သန်း ၂၈၀
၂။ ကာဘွန်နီယုဂ် (Carboniferous Period) လွန်ခဲ့သောနှစ်သန်း ၃၄၅
၃။ ဒီမိုနီယန်ယုဂ် (Demonian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၀၅
၎။ ဆီလူရီယန်ယုဂ် (Silurian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၂၅
၅။ သြဒိုဗစ်စီယန်ယုဂ် (Ordovician Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၅၀၀
၆။ ကမ်ဗရီယန်ယုဂ် (Cambrian Period) လွန်ခဲ့သောနှစ်ပေါင်းသန်း ၆၀၀

သက်ဦးကပ်အတွင်းမြန်မာနိုင်ငံအခြေနေမှာ..
(က) လွန်ခဲ့သောနှစ်သန်း ၅၀၀ ခန့်တွင် မြန်မာတစ်နိုင်ငံလုံး ပင်လယ်ပြင်အောက်နစ်မြုပ်နေခဲ့သည်။
ရှမ်းကုန်းပြင်မြင့်တွင်သာ ကျွန်းငယ်လေးများပေါ်နေမည်ဟုခန့်မှန်းပါသည်။

(ခ) လွန်ခဲ့သောနှစ်သန်း ၄၂၅ မှ ၄၀၅ ခန့်တွင် ကမ္ဘာကြီး၏ မြေလွှာ လှုပ်ရှားမှုအကြီးကျယ် ဖြစ်ပေါ်ခဲ့သဖြင့်
ရှမ်းပင်လယ်တွင်း မြေမြင့်တက်မှုဖြစ်ပေါ်လာဟန်ရှိသည်။
ကျွန်းငယ်လေးများထပ်မံပေါ်နေမည်ဟုခန့်မှန်းပါသည်။

မြန်မာ့မြေလွှာဖြစ်တည်မှုတွင် လွန်ခဲ့သောနှစ်သန်းပေါင်း ၆၃နှစ်တွင် သက်ဦးကပ်မှ
သက်နှောင်းကပ် ( Cenozoic Era )သို့ပြောင်းလဲခဲ့သည်၊ သက်နှေင်းကပ်သည် နှစ်ပေါင်း ၆၂သန်း
ကြာသည်ဟုခန့်မှန်းသည်။

သက်နှောင်းကပ်တွင် မြန်မာ့ပင်လယ်ပြင်သည် ရှမ်းကုန်းပြင်မြင့် အနောက်ခြမ်းမှ အီန္ဒိယအရှေ့ခြမ်းထိ
ဖြစ်ဟန်ရှိသည်။
လွန်ခဲ့သောနှစ်သန်း ၄၀ခန့်တွင် မြန်မာနိုင်ငံ မင်းကွန်း၊ မန္တလေးဒေသတွင် ကုန်းမြေထုပေါ်လာခဲ့သည်။

လွန်ခဲ့သောနှစ်သန်း ၃၀ခန့်တွင် ကမ္ဘာမြေလွှာ လှုပ်ရှားမှုဆက်လက်ဖြစ်ပေါ်နေသဖြင့်
ပင်လယ်ရေ အနည်းငယ်ဆုတ်ယုတ်လာဟန်ရှိသည်။

လွန်ခဲ့သောနှစ် ၁၅သန်းတွင် ဟိမ၀န္တာတောင်တန်းကြီးဖြစ်ပေါ်မှု ( Himalayan Mountain-buildingMovement ) ဖြစ်ပေါ်လာခဲ့သည်။
အကျိုးဆက်အဖြစ် မြန်မာနှင့် အာသံနယ်လုံးဝကွဲပြားသွားပြီးယခုလက်ရှိမြန်မာနိုင်ငံပုံပေါ်ပေါက်လာဟန်ရှိသည်။
မြန်မာ့မြေလွှာပိုမိုခိုမာလာသည်၊ပုပ္ပားမီးတောင်၊ ရွှေဘိုအရှေ့ဖက်ခြမ်းတွင် မီးတောင်များ စုံ့တက်နေဆဲကါလဟုမှန်းဆကြသည်။

လွန်ခဲ့သောနှစ် ၁၄သန်းလောက်တွင် မြန်မာနိင်ငံတွင် ရေနေသတ္တ၀ါများသာမက ကြောရိုးရှိသတ္တ၀ါများပါ ဖြစ်ထွန်းနေပြီး ရှေးဟောင်းဆင်ကြီးများ၊ မြင်း၊ ကျွဲ၊ နွားနှင့် သမင်များပါ ရှိနေနိုင်ပါသည်။ကျနော်ရဲ့ ပုဂံမတိုင်ခင်မြန်မာနိုင်ငံ အပိုင်း(၁)မှာ လွန်ခဲ့သောနှစ် သန်း၆၀၀ တုန်းက မြန်မာနိုင်ငံဟာ
လုံးဝ ပင်လယ်ရေအောက်နစ်မြုပ်ရာကနေ ..
လွန်ခဲ့သောနှစ် ၁၄သန်းမှာတော့ ကုန်းမြေဖြစ်ထွန်း ခိုင်မာလာပြီး ယခုလက်ရှိပုံစံဆောင်လာ
ကြောင်း တင်ပြခဲပါတယ်။
ယခု လွန်ခဲ့တဲ့ နှစ်တစ်သန်းကာလ အကြောင်းဆက်ပါမယ်။

လွန်ခဲ့သောနှစ် တစ်သန်းကာလ (နှင်းခဲကပ်)..မြန်မာနိုင်ငံ

ကမ္ဘာကြီး၏ စတုတ္ထကပ်(နှင်းခဲကပ်)၏ အရေးပါသော အချက်မှာ
လူသားစတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(ဦးဘမော်၊ ဦးသော်တင့် တို.၏ - “ပုံတောင် ဂျီယာကေါ်တာရီ” နှင့် “ အမ်ဖီပီသီကပ် မိုးကောင်ဂျင်းစစ် (ပရိုင်းမိတ်)” - အကြောင်းနောင်အခါ ဆက်လက်ရေးသားပါမည်။)

ယင်းကပ်ကာလသည် လွန်ခဲ့သော နှစ်တစ်သန်းကာလမှစ ယနေ့ထိအကျုံးဝင်ပါသည်။
မြန်မာနိုင်ငံ အခြေအနေသုံးသပ်ချက်မှာ - -

မြန်မာ့မြေပြင်တွင် လူနှင့်တိရစ္ဆာန်ပေါ်ပေါက်လာသည်။
ယင်းခေတ်တွင် မြန်မာနိုင်ငံတွင် သစ်တောများဖုံးလွမ်းနေကြောင်းအထောက်ထားရှိခဲ့သည်။
မီးတောင်များ ပေါက်ကွဲမှုဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အနောက်ရိုးမ၊ အလယ်ရိုးမ၊ တနင်္သာရီရိုးမ၊ ရှမ်းကုန်းပြင်မြင့် ပေါ်ပေါက်တည်ရှိသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသော မြစ်ကြီးများရှိလာသည်။
ယင်းမြစ်ဝှမ်းလွင်ပြင်များတွင် လူနှင့်တိရစ္ဆာန် စသော သတ္တလောက သားတို့မီတင်းရာဖြစ်လာသည်။

ဒရယ်ငယ်မျိုးများ၊မြင်းများ၊ဆင်များ၊နွားများ၊ကျွဲများ ကျက်စားလျက်ရှိသည်။
မြစ်ချောင်းအင်းအိုင်တို့တွင် လိပ်များ၊ မိချောင်းများလည်းရှိခဲ့သည်။

ပညာရှင်များစမ်းသပ်လေ့လာချက်အရ အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ

၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)

၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)

၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း ခုနှစ်သောင်းခန်.)

၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းငါးထောင်) တို.ဖြစ်ကြပါသည်။

ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်) များသာဖြစ်ကြပါသေးသည်။

အညာသားယဉ်ကျေးမှူ (Anyathian Culture)

မြန်မာကျောက်ခေတ်သုံးလက်နက်များကို မြန်မာနိုင်ငံအနှံ.အပြားတွင်တွေ.ရှိခဲ့ရသည်။

သုတေသီများက မြန်မာ့ ကျောက်ချောခေတ်ယဉ်ကျေးမှူကို အညာဒေသ/အညာသားယဉ်ကျေးမှူ ဟုသမုတ်ခဲ့ကြသည်။

အကြာင်းမှာ - ပညာရှင်..ဟားဘတ်တက္ကသိုလ်မှ ဒေါက်တာ Hellmut De Terra , ပါမောက္ခ Hallam L. Movius

တို.ဟာ ၁၉၃၇ - ၁၉၃၈ ခုနှစ်များမှာမြန်မာနိုင်ငံ ဧရာဝတီ၊ မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာလေ့လာခဲ့သည်။

ကျောက်ခေတ်သုံးလက်နှက်များကို - - မကွေး(ချင်းအောင်မကုန်း)၊ ချောက်။ စလေ။ ညောင်ဦး။

ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ။ စဉ့်ကူ၊ မကွေးမြသလွန်အရှေ့ဖက်ဒေသများ၊ ယောတောင်ကြားလမ်းရှိပေါက်၊ မင်းကွန်း၊ မန္တလေးဝန်းကျင် …တို့တွင်တွေ့ရှိရသည်။

သူတို.ရဲ.အရေးပါတဲ့တင်ပြချက်ကတော့ - - “ရေခဲခေတ် အတွင်းမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး

ဂျာဗားနဲ.ပီကင်း တို.ကဲ့သို. လူမျိုးနွယ်များ အခြားဒေသများသို. ပြန်.ပွားသွားဖွယ်ရှိသည်။

ဂျာဗားနှင့်ပီကင်း လူတို.ထက်စောပြီး မြန်မာနိုင်ငံတွင် လူရှိနိုင်သည်။”

ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်လေးသိန်းကျော်ကတဲက မြန်မာနိုင်ငံတွင် လူပေါ်ပေါက်နေပြီဖြစ်သည်။

သို.သော် - - သက်သေပြရန် အထောက်အထား မတင်ပြနိုင်ခဲ့ပါ။

အညာသားယဉ်ကျေးမှူရဲ. သဘောကို ပြန်ချုပ်ရရင်

“ပီသေကန်သရိုပတ် လို.ခေါ်တွင်သော ဂျာဗားလူနှင့်ပီကင်းလူတို. တချိန်တည်းမှာ၊ တစ်နည်းအားဖြင့် လွန်ခဲ့သော နှစ်လေးသိန်းကျော်ကပင် မြန်မာနိုင်ငံမှာ လူသားပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။

ထိုသူများကို “အညာသား” ဟု ပညာရှင်များက အမည်ပေးခဲ့သည်။

ထိုသူများမှ ဆင့်ကဲဖြစ်စဉ် (Evolution) အရ ဒီခေတ်မြန်မာလူသား တွေဖြစ်ခဲ့ ကြသည်။

ကမ္ဘာကြီး၏ အစောဆုံးတွေ.ရှိခဲ့ရသော ရှေးဦးလူသားများ(ပရိုင်းမိတ်များ)

ပညာရှင်များစမ်းသပ်လေ့လာချက်အရ
အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ
၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)
၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း
ခုနှစ်သောင်းခန်.)
၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်းသုံးသောင်းငါးထောင်)
တို.ဖြစ်ကြပါသည်။
ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော
လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်)များသာဖြစ်ကြပါသေးသည်။
“လူ၏ဆင့်ကဲဖြစ်စဉ် စတင်ရာဒေသသည် မြန်မာနိုင်ငံသာဖြစ်သည်။”
အထက်ပါခေါင်းစဉ်အဆိုကို တင်ပြသူမှာ - - မြန်မာဘူမိဗေဒပညာရှင် ဦးဘမော် ဖြစ်သည်။
ဦးဘမော်ရဲ.လူသားအစမြန်မာက ဆိုတာအပေါ်မှာ လက္ခံသူ ပညာရှင်များရှိသကဲ့သို.
လက်မခံနိုင်သူပညာရှင်များ လဲ ရှိနိုင်ပါသည်။ (အဆိုမှန်ကန်ကြောင်း
ကမ္ဘာ့ပညာရှင် အများစုလက္ခံနိုင်အောင် တွေ.ရှိရတဲ့ ပရုင်းမိတ်များကို
သုတေသနပြု စမ်းသပ်မှူများနဲ. သက်သေပြနိုင်ဖို.လိုပါသည်။)
စာရေးသူ အနေဖြင့် ဦးဘမော် တို.ပညာရှင်အဖွဲ.လုပ်ဆောင်တွေ.ရှိ
တင်ပြချက်များကိုသာ မျှဝေနိုင်ပါသည်။ထင်မြင်ချက်ပေးနိုင်သည့်အဆင့်မရှိပါ။
မြန်မာနိုင်ငံနှင့်ပတ်သက် ၍ -
-အီး၊ ဂျီးပီးဂရင်းမ်
-အီး၊ အိပ်ခ်ျ၊ ကိုးလ်ဘတ်
-ဦသော်တင့်
-ဦဘမော် - - - - ပညာရှင် များတွေ.ရှိချက်မှာ...
မြန်မာနိုင်ငံ အလယ်ပိုင်း ပုံတောင်ပုံညာဒေသကို ရှာဖွေလေ့လာသောအခါ
ရှေးဦးလူရုပ်ကြွင်းများကို တွေ.ရှိခဲ့ပါသည်။ အမည်ကိုတော့“ပုံတောင်ဂျီယာကော့တရီ” လို.ပေးခဲ့ပါသည်။
ပုလဲမြို.နယ်၊ မိုးကောင်းဒေသမှာ ထပ်မံတွေ.ရှိပြန်ပါသည်။ “အမ်ဖီပီသီကပ်မိုးကောင်းဂျင်းစစ်” ဟု အမည်ပေးထားပါသည်။
၁၉၈၁ - မှာ ဦးဘမော်ရဲ. တွေ.ရှိချက်အသစ်တစ်ခုကတော့ ချောင်းဦးမြို.နယ် ထဲက
အရွယ်ရောက်လူတစ်ဦး ရဲ. သွား၊ ရှေးသွားနှင့် အပေါ်မေးရိုး တွဲလျှက်
ကျောက်ဖြစ်ရုပ်ကြွင်းပါ - “ဘားမားမင်း” ဟု အမည်ပေးထားသည်။
“ပုံတောင်” “မိုးကောင်း” ရုပ်ကြွင်းကလွန်ခဲ့သော နှစ်သန်းလေးဆယ် လို.ပြောပါသည်။
“ချောင်းဦးရုပ်ကြွင်း” “ဘားမားမင်း” လွန်ခဲ့သော နှစ်တစ်သန်း လို.ပြောပါသည်။
(ကမ္ဘာကအသိအမှတ်ပြုထားသော ဂျာဗားလူ၊ ပီကင်းလူ ကလွန်ခဲ့သော
နှစ်လေးသါန်းကျော်ပါ - - ယခု ပုံတောင် နဲ.မိုးကောင်း ပရိုင်းမိတ် တွေက
လွန်ခဲ့သော နှစ်သန်းလေးဆယ် လို.ဆိုပါသည်။)
ဒါကြောင့် ဒီကမ္ဘာကြီးမှာ လူသားများစတင်ရာနေရာဟာ..မြန်မာနိုင်ငံပါလို့
ဆိုလိုရင်းဖြစ်နေကြောင်းပါ။ လက်ခံစေလိုပါက ဆက်လက်ေ