Tuesday, December 10, 2013

အိုင်သပြု ကောင်းကင်မြင်ကွင်း

ဟာသ

လွှတ်တော်ထဲမှာ မသုံးတဲ့ ရပ်ကွက်စကားတချို့

မြို့ပြရပ်ကွက် တစ်ခုထဲမှာဆိုက္ကားဘီးတွေ ဂွေခေါက်လိမ် နေသလိုပဲ ကျေးလက်လယ်ကွင်း တစ်ခုထဲမှာလည်းခိုင်းနွားတွေ မွဲတေပိန်ချုံး နေတာပဲဆိုက္ကားဆရာလည်း တစ်နေ့လုပ် တစ်နေ့စားလယ်သမားလည်း တစ်မိုးချုပ် တစ်လုပ်စားအိုမင်းလာတဲ့ဖျားနာမှုကိုပဲ ဘဝစပါးကျီထဲမှာ စု စုလာ ခဲ့တာနိုင်ငံတော်မှာက ဆေးကုမဲ့ ဆရာဝန် လုံလုံလောက်လောက် မရှိဘူး(နိုင်ငံခြား ထွက်ကုန်လို့)နိုင်ငံသားမှာက ဆေးကုစရာ အသပြာ ပြည့်ပြည့်ဝဝ မရှိဘူး(တစ်သက်လုံး မွဲလာလို့)ပြည်သူ့ကျမ္မာရေးစနစ်ဟာ ဒုက္ခများကနေ ဒုက္ခများကို ကူးပွားနေတယ်။နွေမှာဖုံထူ၊ မိုးမှာဗွက်ထနေတဲ့ အောက်ခြေလူထုဘဝတွေဟာမိုးမှာဗွက်ထ၊ နွေမှာဖုံထူနေတဲ့ ခေတ်ရဲ့လမ်းတွေပေါ် နေ့တဓူဝ လှမ်းလျှောက်ပင်ပန်းသောရှာဖွေမှုဟာ ဘယ် ပက်လက်ကုလားထိုင်ပေါ်ကိုမှ မရောက်ခဲ့ဘူးဆာလောင်သောလိုအပ်ချက်ဟာ ဘယ် ထမင်းဆိုင် တစ်ဆိုင်ကိုမှ မရောက်ခဲ့ဘူးတံစက်မြိတ်တွေရဲ့အောက်က ရေအိုးထဲ ပိုးတုံးလုံးလူးခပ်၊ ခြင်ကောင်တွေ မျိုးကူးပွားနေကြသလိုမျိုးအသက်သိပ်မရှည်တဲ့ လူ့သွေးလမ်းထဲ မဝရေစာဟာခမ်းခြောက်၊ ခန္ဒာယန္ဒယားက ရမ်းလျှောက်တယ်အဲဒီ ဝန် နဲ့ အား မမျှတဲ့ ဆိပ်ကမ်းမှာ ဘဝကူလီလုပ်ငန်းက ညရောက်လိုက်၊ မိုးသောက်လိုက်၊ ပြန်စလိုက်၊ချစ်လှစွာသော အမိအဖမိုက်နိုင်ငံတော်ရေ...အာဏာနဲ့ မတော်တော့တဲ့ အဝတ်တစ်စုံလောက် လူထုကြီးကို စွန့်ကြဲစမ်းပါလားငါတို့ဟာ ခရိုနီငမူးများရဲ့ အန်ဖတ်တွေကို သွားရေကျ တံတွေးမျိုချခဲ့ရတာ ကြာပြီ။နေ့စဉ် ဆာလောင်နေတဲ့လူထုဟာ အကြွေးမပေးနိုင်တဲ့ မုန့်ဟင်းခါးသည်လူထု ဆီမှာပဲမျက်နှာပူပူ အားနာနာနဲ့ တစ်နေ့ မလုပ်ရသေးခင်ပဲ တစ်နပ် အရင် အကြွေးစားနေရတယ်နိုင်ငံပတ်တဲ့ စီးပွားရေးယာဉ်က အနီးလေးတောင် အတော် သွားရခက်တဲ့ ဘီးပေါက်ကြီးနဲ့ခရီးအဝေး တောင်ပေါ်ကို သွားရတဲ့ (ထိုခရီး ဝေးသလား၊ ရောက်အောင်သွားပါမည်) အသံကလွဲပြီးနိုင်ငံတော်အစိုးရရဲ့ ပြည့်လမ်းစဉ် နွားလှည်းအိုက လူရွံသူရွံ ရွံ့နွံထဲ၌ လှည်းဘီးကျွံနေသည်ကူ၍ ဝိုင်း မတွန်းပေးကြပါ... ပြည်သူဟာ အာဏာရှင်ကို တရားမျှတစွာ စိတ်နာနေတာ ကြာပြီ။ဟောဒီ လူ ၂၀၀၀ ကျော် ရှိတဲ့ ရွာမှာ ဘွဲ့ရပညာတတ် ၂ ယောက် မရှိပေမဲ့ရွာမွေးခြံပေါက် အခြေခံပညာ ကျောင်းသားပေါင်း ၂၀ ကျော် ရှိတယ်ကျောင်းသား ၂၀ က ဒီမှာ၊ စာသင်ကျောင်းက မိုင် ၂၀ အဝေးမှာ၊မနက်ခင်းတိုင်းမှာ နွားတွေ တက်တက်ကြွကြွ လယ်ထွန်သွားသလိုပဲကျောင်းသားတွေလည်း အလုအယက် ပညာထွန်သွားကြတာပဲအင်္ဂလိပ်ခေတ်လက်ကျန် ဘတ်စကားအိုကြီးပေါ် တိုးဝှေ့တက်စီးလိုက်ပါဗွက်ထူရေကြီးတဲ့လမ်းမှာ တခါတခါ အားလုံး ဆင်းတွန်းလိုက်ကြ၊ ပြိုင်တူသံပေးညီညာမေမြို့မှာ စစ်ဗိုလ်ခွေးတွေ ကျောင်းဆင်းဓါတ်ပုံ အပြိုင်အဆိုင် လု ရိုက်ကြသလိုမျိုးပေါ့ပညာရေးကတော့ အစိုးရပဲ ချိုး/ ခိုး တဲ့ ဖဲချပ်ပုံ၊ အနာဂတ်ဥာဏ်ပညာဟာ ပါသမျှ   ရှုံး အ ကုန်တယ်။နိုင်ငံတော်ဟာကမ္ဘာ့ အရက်ရောဆုံး စာရင်းဝင် ဒုတိယ အဆင့် ဆိုပဲ.၊ ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်ပါတယ်၊စေတနာကိုယ်တိုင်ဟာ သွေးကို ထုတ်ပြီး သွေးကို လှူ ခဲ့ သလိုမျိုး ဖြစ်နိုင်ပါတယ်စေတနာကိုယ်တိုင်ဟာ ဘုရား ဆွမ်းတော်တင်ပြီး ပြန် စွန့်စားခဲ့ သလိုမျိုး ဖြစ်နိုင်ပါတယ်စေတနာကိုယ်တိုင်ဟာ အစာအိမ်ပိန်ပိန်နဲ့ အာရုဏ်ဆွမ်းထလောင်း သလိုမျိုး ဖြစ်နိုင်ပါတယ်စေတနာကိုယ်တိုင်ဟာ မိခင်က အရိုးကိုက်ပြီး သားသမီးတွေက အသားစား သလိုမျိုး ဖြစ်နိုင်ပါတယ်စေတနာကိုယ်တိုင်ဟာ "ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်"ကို လိုက်နာ သလိုမျိုး ဖြစ်နိုင်ပါတယ်အဲဒီ စေတနာဟာ ကျောမွဲလူထုတွေ ယက်လုပ်တဲ့ ရင်တွင်းဖြစ် ရိုးရိုးစင်းစင်း သင်ဖြူးဖျာလေးပဲပေါ့နိုင်ငံ့ဥစ္စာခိုး ဘူဇွာဆိုးနဲ့ အာဏာစိုးမိစ္ဆာတို့ရဲ့ ကော်ဇောကတ္တီပါ မဟုတ်တာတော့ သိပ်သေချာတယ်။မြန်မာ့တပ်မတော်ကြီးကို သေချာ ကြည့်ပါတပ်သား-တပ်ကြပ် ၂၀%ဒုဗိုလ်-ဗိုလ်-ဗိုလ်ကြီး ၅၀%ဗိုလ်မှူး-ဗိုလ်ချုပ် ၃၀% တဲ့ရာထူးကြီးရင် လုပ်ခွင့် ဂွင်တွေလည်း ကြီးတဲ့ လာဘ်စားခြစားစနစ်မှာအမိမြေရေ... မင်းဟာ မိဘကိုယ်တိုင် ခွင့်ပြုထားတဲ့ ပြည့်တန်ဆာ လား။တိုင်းပြည်ထဲမှာတချို့ရှေ့နေတွေအတွက် သိက္ခာနဲ့ ပညာထက် အသပြာဟာ ပိုပြီး ခမ်းနားဂုဏ်ရှိနေတဲ့အခါဖာရုံလိုလို ဖဲဝိုင်းလိုလို လည်သူနိုင် ရိုးသူရှုံးတဲ့ ဗဟိုတရားရုံးကြီးဟာ ပင်စင်ယူသင့်ပြီတချို့ဆရာဝန်တွေအတွက် စေတနာနဲ့ ပညာထက် အသပြာဟာ ပိုပြီး ခမ်းနားဂုဏ်ရှိနေတဲ့အခါရုပ်ရှင်ရုံခုံလိုလို ဘောလုံးပွဲခုံလိုလို ဈေနှုန်းကွဲနေတဲ့ လူနာကုတင်တွေလည်း အသစ်လဲသင့်ပြီတချို့ကျောင်းဝန်ထမ်းတွေအတွက် နာ ၃ နာ ထက် အသပြာဟာ ပိုပြီး ခမ်းနားဂုဏ်ရှိနေတဲ့အခါငွေပါရင် ဘွဲ့ရ၊ ငွေမပါရင် ဆိုက္ကားနင်း၊ မြေနိမ့်စိုက်ခင်းထဲ ဖျက်ပိုးလှံ လာ လာ စိုက်ဆင်းသလိုပညာအလင်းကန်းနေသော အမျိုးမာန်ကျိုး နိုင်ငံ့ဂုဏ်ဖျက် တက္ကသိုလ်ကြီးကိုလည်း ဖြို သင့်ပြီဤကိစ္စသည် သေတော့မည့် လူထုခေါင်းဆောင် အပါအဝင် ဗိုက်အောင့်နေသည့် ကိုယ်ဝန်သည်အဆုံးမြင်နေတဲ့ ခင်ဗျားတို့မျက်လုံးအားလုံးရဲ့ သမိုင်းပေးတာဝန် ရိုးရာဖြစ် အမွေတော် အရှုပ်အထုပ်ဘယ်ကိုမှ ဘော်လီဘော ပုတ်ဖို့ မကြိုးစားပါနဲ့...ကိုယ့် သွေးများသွန်ထည့်ပြီး ကူးရမဲ့ မြစ်ပဲ၊ ခေတ်ပဲရဲပေတော့ ငမွဲငတေရေ...။ကျွန်းရောင်ဝါစို ပဒေသရာဇ်နန်းတွင်းလိုလို ဝဖီးနေတဲ့ ပြည်သူ့လွှတ်တော်ကြီးဟာရာထူးမက် ဝဖီးနေတဲ့ ပြည်သူ့အမတ် အမည်ခံ ၅၀၀ ကျော် ကို ဧည့်ခံ ခင်းကျင်းလို့ဘာတွေ တိုးတက်ဖို့ ငြင်းခုန်နေကြလဲ ဘာတွေပြောင်းလဲဖို့ ငြင်းခုန်နေကြလဲဘုရားကျောင်းဘေးနား ကျကွဲတဲ့ လက်နက်ကြီး မထိတဲ့ ကချင်ခလေးငယ်ဟာဦးတည့်ရာ ယမ်းငွေ့ကြား ပြေးလွှားနေရဲ့... နင်းမိုင်းတွေ မြှုပ်ထားတဲ့နေရာ တောင်ရိုးဆီ...၊တစ်ယောက်ယောက်ဟာ ဗလီဝဋ်ပြုသံတွေကို နားငြီးအော့အန်ချင်သလို ခံစားရမိနေတယ်တစ်ယောက်ယောက်ဟာ ပရိတ်ကြီးရွတ်သံတွေကို နားငြီးအော့အန်ချင်သလို ခံစားရမိနေတယ်တစ်ယောက်ယောက်ဟာ မီးနင်းကပွဲဗုံသံဂီတကို နားငြီးအော့အန်ချင်သလို ခံစားရမိနေတယ်တစ်ယောက်ယောက်ဟာ ခရစ္စမတ်တေးသံတွေကို နားငြီးအော့အန်ချင်သလို ခံစားရမိနေတယ်တစ်ယောက်ယောက်ဟာ ဘုရားသံတရားသံမဲ့တဲ့ အသက်ရှူသံကို နားငြီးအော့အန်ချင်သလို ခံစားရမိနေတယ်Schizophrenia ဖြစ်နေတဲ့ အဲဒီ လူ့ နှလုံးသားကို ကုသမဲ့ ထိရောက်တဲ့ ဆေးဝါးကုထုံးအတွေးအခေါ်တွေမြန်မာ့လွှတ်တော်ကြီးမှာ ဖော်ဖောက်ထွက်ထွက် စွန့်စွန့်စားစား ရဲရဲရင့်ရင့် မရှိဘူးကြလားကိုယ့် အရည်အချင်း ကိုယ် သိသော အမတ်များ အလိုက်သိသိ အငြိမ်းစား ယူကြသွားကြပါ။Sexyဂေါ်လီ၊ အကျီရင်သားဟဟ၊ လက်ပဖြာလွင့်၊ အပြုံးပွင့် ရွမ်းရွှမ်း၊ နှုပ်ခမ်းပါးလန်းလန်းနဲ့ ကောင်မလေးမိုးရာသီ မြို့တော်ညချမ်း ပလက်ဖောင်းအပေါက်နဲ့လမ်းပေါ် ညှို့အားသွင်း ပဲအပြည့်ပေး လှမ်းလျှောက်လာတယ်အရက်မူးလာတဲ့ ဆေးဆိုးပန်းရိုက်ဘောက်စ်ဝက်ဂွန်ဟာ ရေအိုင်ချိုင့်ခွက်ကို ဆင်းတက်ဆောင့်မောင်းထွက်ပြီးမီးသီးမရှိတဲ့ မြို့တော်သုံး လမ်းဘေးဓါတ်တိုင်ယိုင်ကို သူ့အပစ်နဲ့သူ တည့်တည့်ကြီး သွား ဝင်ဆောင့်တယ်ဒရိုင်ဘာ သေလား၊ရှင်လား၊ တစ်ကိုယ်လုံး ရွံ့ဗွက်ပေအလှပျက်သွားတဲ့ကောင်မလေးက မစဉ်းစားအား"သေချင်းဆိုး ကာလနာ အနူမသာ သူတောင်းစား" စတဲ့ စကားတွေ လှသောနှုပ်ခမ်းပါးက ထွက်လာလေတယ်ဒီနေရာမှာ(((မိုးရာသီက လွဲရင် အကုန် ပြင်ရတော့မယ်))) (((မိုးရာသီက လွဲရင် အကုန် ပြင်ရတော့မယ်)))ဥပမာ---ပေါက်ပြဲနေတဲ့လမ်းဓါတ်တိုင်မီးသီးမူး၍မောင်းသောအကျင့်ခေတ်ပေါ်မိန်းမလှ အလှပြ လွန်ကဲခြင်းကားကို လောယာဉ်ပျံလို့ စိတ်ထင်ပြီး မောင်းခြင်းဒရိုင်ဘာရဲ့ ဆန်ကုန်မြေလေး သရုပ်ပျက်ရောဂါကောင်မလေးရဲ့ ဖြန့်ကူးတွေးတောနိုင်မှု အားနည်းသောစိတ်မြို့တော် စည်ပင်သာယာရဲ့ တာဝန်နဲ့ ဝတ္တရားအဲဒါ အားလုံးကို ဦးဆောင်တဲ့ အစိုးရ။အထက်ပါစကားတွေဟာလွှတ်တော်ထဲမှာ ကြားရလေ့ မရှိပေမဲ့လူထုလက်တွေ့ဘဝထဲမှာ ဒုက္ခပါးဝနေခဲ့တာ ကြာပြီ ဟေ့ရောင်။ ။သုအိုင်စံ၀၉-၁၂-၂၀၁၃Sent from Samsung tablet

အိုင်သပြု ကျေးရွာတွင် စာပေဟောပြောပွဲကျင်းပ

လေးမျက်နှာမြို့နယ်  အိုင်သပြု ရွာတွင်  စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ပါသည်။
စာပေချစ်သူများ စုစည်း၍ နှစ်စဉ်ကျင်းပခဲ့တာ ယခုဆိုလျှင်  အဌမ အကြိမ်မြောက်ပွဲ
ဖြစ်ပါသည်။  ၁၈ ရက် နေ့ ဒီဇင်ဘာလ  ညပိုင်းတွင် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့
အစည်း မှ ကိုမင်းကိုနိုင်  ဟောပြောပြီး   ၃၀ ရက်နေ့တွင်ဦးဖုန်း(ဓာတု) တို့မှ
အထက အိုင်သပြု တွင် ဟောပြောမည်ဖြစ်ပါသည်။ွ