Saturday, March 22, 2014

သန်းခေါင်စာရင်းနှင့်အိမ်အကြောင်းအရာ ရက်တိုသင်တန်း

လူဦးရေနှင့်အိမ်အကြောင်းအရာ ရက်တိုသင်တန်းကို ၁၇ ရက်နေ့တွင်စတင်ဖွင့်လှစ်ပြီး  ၆ရက် သင်ကြားပေးပြီး ၂၂ ရက်နေ့တွင် သင်တန်းဆင်း
ခဲ့သည်။ 
သင်တန်းကို  ၁၇ရက်နေ့ နံနက် ၉း၀၀တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင်  အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။အခမ်းအနားငို
လေးမျက်နှာမြို့နယ် လူဝင်မှူကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာနရုံးမှ ဦးစီး ဦးနေဝင်း
မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး  ဒုလက်ထောက်ဦးစီးမှူး
ဦးလှမင်း မှ လိုအပ်သည်များကို ပြောကြားခဲ့ပါသည်။
       လေးမျက်နှာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅  ရပ်ကွက်နှင့် ကျေးရွာအုပ်စု၄၃ အုပ်စုနှင့် သစ်တောကြိုးဝိုင်း တစ်ခု ရှိပြီး   ကောက်ကွက် ၁၉၄ ခု ရှိကြောင်း
သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများ   ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့များနှင့်လည်း
ပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
အခမ်းအနားကို  ဝန်ထမ်းအင်အား ၂၇၅ ဦး တက်ရောက်ပြီး နံနက် ၁၀း၃၀ တွင်
အခမ်းအနား ရုပ်သိမ်းခဲ့သည်။ 
သင်တန်းတက်ရောက်သောဟဆရာ /မ များသည်ေ့းမျက်နှာမြို့ပေါ် တွင်
စင်တာ၅ခုခွဲပြီး ခရိုင်နည်းပြများမှ  ထပ်ဆင့် ရှင်းလင်း  သင်တန်းပေးခဲ့ပါသည်။
ကျွန်တော်တို့  အမက မြစ်ကျိုး ကျောင်းတွင် သင်တန်းသား ၆၂ ဦး တက်ရောက်ပြီး
သင်တန်းနည်းပြ  ဆရာဦးလှိုင်တင်   ဆရာ ဦးအောင်သောင်း  ဆရာဦးမြင့်လိုင်
တို့မှ သင်ကြားပြသပေးသည်။