Monday, December 9, 2013

အိုင်သပြု ဒေသ အဌမအကြိမ်မြတ်ဆရာပူဇော်ပွဲ တတိယအကြိမ် ကြိုတင်ညှိနိုင်း အစည်းအဝေးကျင်းပ

အိုင်သပြု ဒေသ အဌမအကြိမ်မြတ်ဆရာပူဇော်ပွဲ  တတိယအကြိမ်
ကြိုတင်ညှိနိုင်း အစည်းအဝေးကျင်းပ
    ၈-၁၂-၂၀၁၃   ရက်  တနင်္ဂနွေ နေ့ အစည်းအဝေးကို  နေ့လည်
၁နာရီတွင်  ကျင်းပခဲ့ပါသည်။ တက်ရောက်သူ  အင်အား ၆၀ ခန့်
တက်ရောက်ခဲ့သည်။
     အစည်းအဝေးဆုံးဖြတ်ချက်များအရ   ကျေးရွာများသို့
နယ်မြေခံဆရာ/မများ ကျောင်းသားဟောင်းများ ပူးပေါင်း၍အလှူခံ
ထွက်ရန်  
ဇန်နဝါရီ လ ၄ ရက်နေ့တွင် ဆရာကြီးဆရာမကြီးများ  ကို ကြိုဆိုရန် ကားစီစဉ်ပေးရန် နားနေဆောင်များ ကြိုတင်ပြင်ဆင်ပေးထားရန် 
မူလတန်းကျောင်းများမှ  ဖျော်ဖြေပွဲများ    တင်ဆက်ကပြပေးရန်
ဇန်နဝါရီလ  ၅ ရက်နေ့ နံနက်ပိုင်းတွင်  ဆရာကြီး/ဆရာမကြီးများကို
ပူဇော်ကန်တော့ရန်   စသည့် လုပ်ငန်းများကို  ဆွေးနွေးခဲ့ပါသည်။