Thursday, December 12, 2013

သက်ငယ်လိင်အကြမ်းဖက်ခံနေရမှုတွေအတွက် မရှိမဖြစ်လိုအပ်လာသည့် မိဘ၊ဆရာ စောင့်ရှောက်မှုအခန်းကဏ္ဍ

POST 28 NOVEMBER 2013 BY ကြယ်စင်လင်း(မြစ်မခ) မြန်မာနိုင်ငံအတွင်း သက်ငယ်လိင်အကြမ်းဖက်မှု ပပျောက်ရေးဆောင်ရွက်ရာ၌ မိဘနှင့် ဆရာများ၏ ကဏ္ဍ သည် ပိုမို အရေးကြီးကြောင်း လူမှုရေးအသင်းအဖွဲ့များနှင့်လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုလာကြသည်။ သက်ငယ်လိင်အကြမ်းဖက်မှု ပပျောက်ရေးဆောင်ရွက်ရာ၌ မိဘများသာမက ကျောင်းဆရာ၊ ဆရာမများက လိင်အကြမ်း ဖက်မှုဆိုင်ရာ ဗဟုသုတများကို ကလေးများအား သင်ကြားပေးထားသည့်နည်းဖြင့် ပါဝင်ကူညီသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။  “အားလုံးမှာ တာဝန်ရှိတယ်။ အစိုးရကလည်း သမားရိုးကျထက် ထိထိရောက်ရောက် ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်တွေ ပေးသင့် တယ်။ မိဘနဲ့ အရပ်ဘက်လူအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်ရမယ်၊ ပြီးရင်ဆရာ၊ ဆရာမတွေက ကလေးတွေကို လျစ်လျုမရှုဘဲ ပညာပေးထိန်းသိမ်းပေးဖို့ တာဝန်ရှိတယ်”ဟု ၄င်းက ပြောဆိုသည်။ ကျောင်းနေကလေးငယ်တစ်ဦး၏ တစ်နေ့တာ အချိန်ကုန်ဆုံးမှု ၃၀ရာခိုင်နှုန်းမှာ မိဘများနှင့်ကုန်ဆုံးပြီး ကျန်အချိန်များ၌ ကျောင်းနှင့်ပတ်ဝန်းကျင်များ၌ ကုန်ဆုံးကြောင်း၊ ကလေးအကြမ်းဘက်မှုတွင် မိန်းကလေးများသာမက ယောက်ျားလေးများပါ ပါဝင်လာနိင်သည့်အတွက် ရှောင်ကြဉ်သင့်သည့်အပြူအမူများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ သင်ပေးခြင်းဖြင့်ကလေးများသည် မိမိကိုယ်ကို ထိန်းသိမ်းတတ်လာနိုင်သည့် ရလာဒ်ကောင်းများ ရရှိလာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ကလေးအခွင့်အရေး လှုပ် ရှားဆောင်ရွက်သူများက သုံးသပ်ကြသည်။ “ကလေးအကြမ်းဖက်မူက ယောကျာ်းလေးမိန်းကလေးမခွဲခြားဘူး၊ မိန်းကလေးတွေမှာလဲရှိသလို ယောကျာ်း လေးတွေမှာလည်း အကြမ်းဖက်ခံရတာ တွေရှိတယ်။ အစမ်းသပ်ကာလမှာ ကလေးတွေကိုပိုပြီး အသုံးချတတ် တယ်။ ကလေးတွေကို ပတ်ဝန်းကျင် က အများဆုံး ထိန်းကျောင်းပေးတယ်။ အဓိက ကတော့ ဆရာ၊ ဆရာမ တွေက ကောင်းတာကို ရိုက်သွင်းပေးနိုင်ရင် အကောင်း ဆုံး ရလဒ်တွေ ရနိုင်တယ်လေ။ လမ်းဘေးကလေးတွေ ကိုတော့ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်ရဖို့ ကူညီပေး ရမယ်”ဟု Child Right Working Group မှ ဒေါ်ဝါ၀ါလင်းထွန်းက ပြောသည်။ ကလေးများအား လူ့အဖွဲ့အစည်းအတွင်းမွန်းကြပ်မှု၊ စိတ်ဖိစီးမှု၊ စီးပွားရေးမပြေလည်မှုတို့၏ ထွက်ပေါက်အဖြစ် သဘောထား ကာ ကျုးလွန်ကြခြင်းဖြစ်ကြောင်း၊ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရန် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် သွန်သင်သင့်ပြီး ကလေးများ၏ သဘောတရားကို နားလည်ပေးကာ လေးလေးစားစားပြောဆို ဆက်ဆံသင့်သည် ဟု လူမှုအဖွဲ့အစည်းများက သုံးသပ်ကြသည်။ ၁၉၇၉ ခုနစ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပဋိညဉ်စာချုပ်အား စတင်ရေးဆွဲကာ ၁၉၉၀ပြည့်နှစ်တွင် တရားဝင် အတည်ပြုကာ နိုင်ငံပေါင်း(၁၉၃)နိုင်ငံမှ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ခုနစ်တွင် ကလေးသူငယ် အခွင့်အရေးဥပဒေကိုပြဌာန်းကာ ၂၀၀၁ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာနည်းဥပဒေကို ပြဌာန်းခဲ့ကြောင်း သိရှိရသည်။ (from ONE Browser)

No comments:

Post a Comment