Thursday, December 12, 2013

ဆရာ၊ ဆရာမများ၏ ရာထူးတိုးကိစ္စသီးသန့်မှုတစ်ခု ချမှတ်လုပ်ဆောင်ရန် လိုအပ်ဟုဆို

Details Category: မြန်မာ့ပညာရေးသတင်း Published on Wednesday, 04 December 2013 13:59 Written by ချိုချိုသန်း ဆရာ၊ ဆရာမများကို ရာထူးတိုးရာတွင် သီးသန့်မှုတစ်ခုအဖြစ်ချမှတ်၍ လုပ်ဆောင်ရန် လိုအပ်လျက်ရှိ ကြောင်း အခြေခံပညာရေး ဝန်ထမ်းတချို့ကပြောသည်။ လက်ရှိတွင် အခြေခံပညာမှ ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်ရာတွင် တိကျသောမှုတစ်ခုကို ချမှတ် ထားခြင်းမရှိဘဲ လုပ်သက်နှင့်သော်လည်းကောင်း၊ အမ်အီးဒီ၊ ဘီအီးဒီဘွဲ့များဖြင့်သော်လည်းကောင်း သတ်မှတ်၍ တိုးမြှင့်ခံစားစေရာ လုပ်သက်ရင့် ဆရာ၊ ဆရာမများအနေဖြင့် ရာထူးတိုးအခွင့်အလမ်း လွန်စွာနည်းပါးလျက်ရှိကြောင်း သို့ဖြစ်၍ လုပ်သက်ရင့် ဆရာ၊ ဆရာမများအတွက် လုပ်သက်ကို လျှော့ပေါ့စဉ်းစားပေးမည်ဆိုပါက ရာထူးတိုးအခွင့်အလမ်းများလာမည်ဖြစ်ကြောင်း သိရသည်။ "လယ်အုပ်၊ ထက်အုပ် ရာထူးတိုးတဲ့အခါ ဘီအီးဒီနဲ့ ကန့်လတ်လိုက်တော့ လုပ်သက်ရင့် ဆရာ၊ ဆရာမတွေအတွက် တော်တော်အခက်တွေ့သွားတယ်။ ဒါတင်မကသေးဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက် ကစပြီး ရာထူးတိုးအတွက် အမ်အီးဒီသမားတွေကို ပိုဦးစားပေးပြီး ခေါ်ခဲ့တယ်။ အခုဆိုရင် လုပ်သက် ရှစ်နှစ်လောက်နဲ့ အမ်အီးဒီတွေက လယ်အုပ်တွေ ဖြစ်ကုန်ပြီ။ လုပ်သက်ရင့်ဆရာ၊ ဆရာမတွေအတွက် ဘယ်လိုမှ လိုက်လို့မမီတော့ဘူး။ သူတို့အနေနဲ့ ရာထူးတိုးအတွက် လုပ်သက်တန်းစီစောင့်ရတယ်။ ဘီအီးဒီဘွဲ့ကို နှစ်နှစ်နဲ့မနည်းကြိုးစားယူနေရတယ်။ လုပ်သက်နဲ့သွားတာရော အမ်အီးဒီ၊ ဘီအီးဒီနဲ့ သွားတာရော မျှမျှတတဖြစ်ဖို့ လုပ်သက်ရင့် ဆရာ၊ ဆရာမတွေအတွက် လုပ်သက်ကို ခုသတ်မှတ်ထား တာထက် လျှော့ပေါ့စဉ်းစားပေးသင့်တယ်။ ချမှတ်ထားတဲ့မူကတော့ အများကြီးပဲ။ ထင်သာမြင်သာရှိ တဲ့ ရာထူးတိုးအတွက် သီးသန့်မူတစ်ခုချမှတ်ပြီး လုပ်သင့်တယ်လို့ ယူဆတယ်" ဟု မြစ်သားမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လုပ်သက်ရင့် ဆရာ၊ ဆရာမများအနေဖြင့် လယ်အုပ်ဖြစ်လိုပါက လုပ်သက်စုစုပေါင်း ၁၅ နှစ်၊ အနှစ် ၂၀ အနည်းဆုံးရှိရမည်ဖြစ်ပြီး လုပ်သက်အနည်းအများအလိုက် အမှတ်ပေးကာ အမှတ်အများဆုံးကို ရာထူးတိုးခန့်အပ်ပြီး လုပ်သက်ပေါ်မူတည်ပြီး တန်းစီစောင့်ဆိုင်းရကြောင်း၊ အမ်အီးဒီ၊ ဘီအီးဒီများ အတွက်မူ ရာထူးတိုးမြန်ဆန်ကြောင်း သိရသည်။ "တကယ်တိုးပေးချင်တယ်ဆိုရင် ကိုယ့်နေရာတင်ကိုယ်မပြောင်းဘဲ လစာစကေးကို တိုးပေးလိုက်ရင် လဲအဆင်ပြေတယ်။ အနည်းဆုံးလုပ်သက် ၂၀ ရှိတဲ့မူပြတွေဆိုရင် လယ် ၃ ရာထူးဆိုပြီး မူလတန်းမှာပဲ စာသင်၊ လစာက လယ်ပြလစာပေးတယ်။ ဒါပေမဲ့ လယ်အုပ်၊ ထက်အုပ်တွေကျတော့ လစ်လပ်နေရာ က အခက်အခဲရှိနေပြန်တဲ့အတွက် လုပ်သက်ရင့်ဆရာ၊ ဆရာမတွေအတွက် ရာထူးတိုးဖို့ဆိုတာ အခွင့် အလမ်းတော်တော့်ကို နည်းတယ်။ မြို့နယ်တစ်မြို့နယ်မှာ ရာထူးတိုးပါတာ ခုဂဏန်းလောက်ပဲပါ တယ်" ဟု ပြောသည်။ ရာထူးတိုးနှင့် အပြောင်းအရွှေ့များကို တစ်နှစ်လျှင်တစ်ကြိမ်သာ ခေါ်ယူပြီးအရေအတွက်အားဖြင့် ကန့် သတ်ထားခြင်းမရှိဘဲ လစ်လပ်နေရာ အနေအထားပေါ်မူတည်ပြီး တိုးမြှင့်ခံစားစေကြောင်း၊ နေရာ ဒေသမရွေး သွားရောက်ထမ်းဆောင်နိုင်သူကို ဦးစားပေးခန့်ထားကြောင်း သိရသည်။ (from ONE Browser)

No comments:

Post a Comment