Saturday, October 26, 2013

ထွေရာလေးပါးမှတ်တမ်းများ

ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့
နယ်တွင် 21.10.2013ရက်နေ့တွင်
လေးမျက်နှာ အထက ကျောင်းတွင်
နေ့စားလပေးဝန်ထမ်းများအား လုပ်ငန်းစွမ်းရည်မြင့် ရက်တိုသင်တန်း
ကျင်းပခဲ့ပါသည်။ ထိုသင်တန်းကို
တက်ရောက်သော ဆရာ/မများ  80 ကျော်
တက်ရောက်ခဲ့ပါသည်။သင်တန်းဆင်းပွဲ
ကို ခရိုင်ပညာရေးမှူးဒေါ်ကြင်ဋေး
တက်ရောက်အမှာစကားပြောကြားပြီး
မြို့နယ်ပညာရေးမှူးများ      မြို့နယ်အုပ်ချုပ်
ရေးမှူး  များမှာ အမှာစကားပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဆုရထူးချွန်ဆရာ_မ များအား ဆုချီးမြင့်ခြင်း ပြု လုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ် အပြီးတွင်
အသီးတစ်ရာအညှာတစ်ခု သီချင်းဖြင့်
ဆရာဦးဋေးလွင်မှ သီဆိုပြီး
နည်းပြများ နှင့်အတူ သင်တန်းသား/သူ
များက စုပေါင်းသီဆိုပါသည်။






No comments:

Post a Comment