Friday, September 3, 2021

၂၀၂၁ ပညာရေး

 

ပညာရေးကဏ္ဍ (Education Sector)

မြန်မာနိုင်ငံသည် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ် မှန်မှန် ချီတက်နေသည့် အလျောက် အေးချမ်း သာယာ၍ခေတ်မီ ဖွံ့ဖြိုးတိုးတက် သည့် လူ့ဘောင် အသိုက်အဝန်း တစ်ရပ် တည်ဆောက်ရန် ဟူသည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်များဆီ အရောက် လှမ်းနိုင်ရန်အတွက် ပညာရေးကဏ္ဍ တိုးတက်မှုသည် ပဓာန ကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပြုပြင်ေ ပြာင်းလဲရေး အဓိက လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင် လျက်ရှိသော်လည်း ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs)မှ ပညာရေးဆိုင်ရာ မျှော်မှန်းချက် များနှင့် လူတိုင်းအတွက် ပညာရေး(EFA) ပန်းတိုင်များသို့ ၂၀၁၅ အမှီ အရောက် လှမ်းနိုင်ရန် အတွက် စိန်ခေါ်မှု အမြောက် အများ ကျန်ရှိနေသေးသည်။ ကလေး သူငယ်ပေါင်း မြောက်များစွာသည် ဆင်းရဲ နွမ်းပါးမှု၊ ကျောင်းတက်ရောက် နိုင်မည့် အခွင့်အရေးများ မရှိခြင်း/ လက်လှမ်းမမီခြင်း၊ ပညာရေး အရည်အသွေး အားနည်းခြင်း၊ သို့မဟုတ် ပဋိပက္ခ အခြေအနေများ စသည် တို့ကြောင့် စာသင်ကျောင်း များ ပြင်ပတွင် ရှိနေကြဆဲ ဖြစ်ပါသည်။

နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒနှင့် အစီအမံများ ရေးဆွဲချမှတ်ရာ၌အထောက်အကူ ပြုနိုင်မည့် ခိုင်မာသော သတင်း အချက်အလက်များ ဖော်ထုတ် ရယူရန် ရည်သန်လျက်  ဘက်စုံ ပညာရေးကဏ္ဍ ပြန်လည် သုံးသပ်မှု (CESR)ကို ၂၀၁၂ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ထွက်ရှိလာသည့် CESR ၏ အကြံပြု ထောက်ခံချက်များကို ပညာရေး မြှင့်တင်ရေး လုပ်ငန်း ကော်မတီ (EPIC) သို့ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍကို အားဖြည့် မြှင့်တင်ရန် အတွက် မူဝါဒများ၊ အစီအမံ များနှင့် ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်း နိုင်ရန် သမ္မတ ရုံးအောက်တွင် လုပ်ငန်း အဖွဲ့တစ်ရပ် အသစ် ပြင်ဆင် ဖွဲ့စည်းခဲ့ သည်။ ပညာရေး ပြုပြင် ပြောင်းလဲမှု၌အဓိက အရေးပါသူ များတွင် လွှတ်တော် အမတ်များ၊ တိုင်းရင်းသား စာပေ ယဉ်ကျေးမှု ဌာနများ၊ ဖွံ့ဖြိုးရေး ဆိုင်ရာ မိတ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်း နှင့် နိုင်ငံတကာ NGOs များ၊ ပညာရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသား ကွန်ယက်တို့ အပြင် ဘုန်းတော်ကြီး စာသင်ကျောင်းများ၊ ဘာသာ ရေး အခြေပြု အဖွဲ့အစည်းများ၊ ကျောင်းပြင်ပနှင့် ရပ်ရွာ ပညာရေး အထောက်အကူပြု အဖွဲ့အစည်းများ လည်း အကျုံးဝင်လျက်ရှိသည်။

ပညာရေး ကဏ္ဍအတွင်း ညှိနှိုင်းဆောင်ရွက်မှု- ပညာရေး ဆိုင်ရာ အလုပ် အမှုဆောင်အဖွဲ့ (ETWG)ကို ဆိုင်ကလုန်း နာဂစ် ဝင်ရောက် တိုက်ခတ်ခဲ့သည့် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး UNICEF နှင့် Save the Children International တို့မှ အတူတကွ ဦးစီး ဦးဆောင်လျက်ရှိသည်။ ပညာရေး ကဏ္ဍအတွင်း ညှိနှိုင်း ဆောင် ရွက်မှုများကို အားပေး ကူညီရန်၊ မိတ်ဘက် အဖွဲ့အစည်းများနှင့် လက်တွဲ၍နယ်မြေ ဒေသ တစ်နံ တစ်လျား ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်လျက်ရှိသည့် မိန်းကလေးတိုင်း နှင့် ယောင်္ကျားလေးတိုင်း အရည်သွေးမြင့် ပညာရေးကို သင်ယူ ဆည်းပူး ပိုင်ခွင့်များကို ဖြည့်ဆည်း နိုင်ရန် အတွက် ပဓာနကျသည့် ပညာရေး မူဝါဒဆိုင်ရာ အရေး ကိစ္စများအား ဝေဖန် သုံးသပ်နိုင်သည့် ဘက်လိုက်မှု ကင်းသော ပကတိ ဝန်းကျင်တစ်ရပ် ဖော်ထုတ် ဖန်တီးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ETWG အဖွဲ့ဝင် များတွင် အစိုးရနှင့် အစိုးရ မဟုတ်သော၊ အမျိုးသား အဆင့်နှင့် အမျိုးသား အဆင့်မဟုတ် သော၊ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ချင်း ဖြစ်စေ၊ အခြား နိုင်ငံအများ နှင့် ဖြစ်စေ သဘောတူထားသော ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖက် အဖွဲ့အစည်းများ၊ ပညာရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် တက်ကြွ လှုပ်ရှားသူများ ပါဝင်လျက်ရှိသည်။ ETWG အဖွဲ့ခွဲများ အနေဖြင့် ကျောင်းဆရာ ပညာရေး၊ အရေးပေါ် ပညာပေး လုပ်ငန်းများ၊ ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်မှုနှင့် တုန့်ပြန်မှု၊ ဘာသာ စကားဆိုင်ရာ ပညာရေးစသည့် သီးခြား ကိစ္စရပ်များအပေါ် အလေးပေး ဆောင်ရွက်ကြပါသည်။ အစိုးရ၏ လူမှု ဖူလုံရေး ညှိနှိုင်း ဆောင်ရွက်မှု ဖွဲ့စည်းပုံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ပညာရေး ဝန်ကြီးဌာနမှ သဘာပတိ ဆောင်ရွက်၍UNICEF နှင့် သြစတြေးလျနိုင်ငံတို့မှ တွဲဘက် သဘာပတိအဖြစ် ပူးတွဲ ဆောင်ရွက်လျက် ရှိသော အစိုးရ ဦးဆောင်သည့် ပညာရေး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်း ဆောင်တာများကို ETWG မှ ဖြည့်စွက် ကူညီခြင်း ဖြစ်သည်။ ETWG နှင့် လုပ်ငန်း အဖွဲ့ခွဲများ၏ ဆက်သွယ်ရမည့် အသေးစိတ် အချက်အလက်များကို MIMU၏ ညှိနှိုင်း ဆောင်ရွက်ရေး အဆက်အသွယ်များ စာရင်းတွင် ရှာဖွေ ကြည့်ရှု နိုင်ပါသည်။

No comments:

Post a Comment